Border News Agency
သံတွဲ၊ ဇွန် ၂၀။
အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ သံတွဲနဲ့ ဂွမြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေပြုလုပ်နေပါတယ်။
အဲဒီမြို့နယ်တွေကို မိုင်းရှင်းလင်းရာမှာအရင်ကစစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းအလုံးရေ နှစ်ထောင်ကျော်ကို အာရက္ခတပ်တော်ကရှင်းလ င်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီမြို့သိမ်းပြီးချိန်ကတည်းက အာရက္ခတပ်တော်ဟာ စစ်ကောင်စီတပ်စခ န်းချနေထိုင်ခဲ့တဲ့နေရာတွေ၊တိုက်ပွဲဖြစ် ပွားခဲ့တဲ့နေရာတွေ၊တောတောင်တွေ၊ကားလမ်းတွေ၊လူနေခြံဝင်းတွေကို မိုင်းရှင်းလင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသံတွဲမြို့နယ်မှာ မြေမြုပ်မိုင်း ငါးရာကျော်၊ ဂွမြို့နယ်မှာ မြေမြုပ်မိုင်း ထောင့်ငါးငါးကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်စစ်ကောင်စီတပ်ကရွယ်ရည်ချက်ရှိရှိထားခဲ့တဲ့ စစ်ကျန်လက်နက်တွေ၊ဗုံးသီးတွေကိုလည်းရှာဖွေရှင်း လင်းခဲ့တယ်လို့ ဆိုပါတယ်။
သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်စခန်း ချခဲ့တဲ့နေရာတွေ၊ ယာယီတပ်စွဲခဲ့တဲ့နေ ရာတွေ၊တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေ၊စစ်ကောင်စီတပ်စခန်းအနီးအနားက ကားလမ်း၊လူနေရပ်ကွက်၊ကျေးရွာတွေ ၊တောတောင်တွေမှာ ပြီးခဲ့တဲ့နှစ်ဖေဖော် ဝါရီလကလည်း မိုင်းရှင်းလင်းရေးတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီလိုမိုင်းရှင်းလင်းရေးလုပ်နေတဲ့အချိန် လူနေအိမ်ခြံဝန်းတွေနဲ့ လမ်းဘေးဝဲယာတွေမှာစစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့မြေမြုပ်မိုင်း၊ စစ်ကျန်မိုင်းအလုံးသုံးဆယ်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း အရပ်သားပြည်သူတွေဟာ နေအိမ်ခြံဝန်းတွေ၊နေအိမ်တွေ၊ nလူသွားလူလာများတဲ့လမ်းမတွေမှာလည်းစစ်ကျန်မိုင်းနင်းမိလို့ သေဆုံး၊ဒဏ် ရာရတာတွေရှိနေတာကြောင့် အာရက္ခတပ်တော်အနေနဲ့သေချာမိုင်းရှင်းလင်းပေးစေချင်တယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မိုင်းရှင်းလင်းရေးတွေလုပ် ဆောင်နေပေမယ့် အရပ်သားပြည်သူတွေဟာ မြေမြုပ်မိုင်းအန္တရာယ်တွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလကြုံတွေ့နေကြရသလို မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါအဝင် အရပ်သားပြည်သူတွေဟာစားဝတ်နေရေးအခက်အခဲတွေ ကြုံတွေနေကြရသလို ဘေးကင်းလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေကြရတယ်လို့လည်းဆိုကြပါတယ်။
အဲဒီအပြင်မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရသေးတာမို့ အာရက္ခတပ်တော်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
Comments 2
amoxil oral – amoxil uk buy generic amoxil over the counter
purchase amoxil for sale – comba moxi order amoxicillin without prescription