Border News Agency
ဓနုပြည်၊ ဇွန် ၂၄။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF /DPLA )ရဲ့ အပတ်စဉ် ၆ စစ်သင်တန်းဆင်းပွဲကို တအာင်းပြည်မှာ ကျင်းပပြုလုပ်ခဲ့တဲ့တယ်လို့ ဇွန်လ ၂၄ ရက်၊ဒီနေထုတ်ပြန်ပါတယ်။
အဲဒီစစ်သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဓနုဒေသရှိပြည်သူလူထုကိုကာကွယ်နိုင်ဖို့၊ရန်သူကိုအမြဲသတိထားတတ်စေဖို့၊တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိစေဖို့အဓိကထားပြီးသင်တန်းအချိန်ကာလသုံးလကျော်စစ်သင်တန်းပေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစစ်သင်တန်းဆင်းလက်နက်တပ်ဆင်ပွဲမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်ရဲ့ဥက္ကဋ္ဌဦးထွန်းထွန်းနိုင်မှ မိမိတို့ဓနုဒေသအတွင်းရှိပြည်သူလူထုကို သစ္စာရှိရှိနဲ့ ကာကွယ်သွားကြဖို့၊အ မိန့်နာခံတတ်စေဖို့ကို အမှာစကားပြောခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ဘယ်လိုအခြေနေမျိုးမှာဖြစ် စေစိတ်ဓာတ်မကျဘဲ စစ်အာဏာရှင်ကိုတိုက်ထုတ်သွားကြဖို့ မှာကြားခဲ့တယ်လို့ ဆိုပါတယ်။





Comments 1
hrg62u