Border News Agency
စစ်ကိုင်း၊ ဇွန် ၂၄ ။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ကလေးစစ်သားအသုံးပြုတိုက်ခိုက်နေတယ်လို့ ပြည်သူ့လွတ်မြောက် ရေးတပ်မတော်(PLA) က ဇွန်လ ၂၄ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲအတွင်းဖမ်းဆီးရမိထားတဲ့စစ်သုံ့ပန်းတွေထဲမှာ ကလေးစစ်သားတဦးအပါအဝင် အတင်းအဓမ္မစစ်မှုထမ်းစုဆောင်းခံရသူနောက်ထပ်သုံးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိထားတဲ့စစ်သုံ့ပန်းက လေးစစ်သားတဦးက စစ်ကောင်စီတပ် သားတွေပေါ်တာဆွဲလို့ တပ်ထဲရောက် လာတာဖြစ်ပါတယ်။
“စစ်ထဲရောက်လာတာကတော့ ရန်ကုန်မှာအကင်ရောင်းနေတာကနေ ပေါ်တာဆွဲခံရတာပါ။ပြီးတော့ သင်တန်းကျော င်းကိုပို့တယ်။သားကတော့ ဆယ့်ငါးနှစ်ပါ။သင်တန်းငါးလတက်ခဲ့ရပါတယ်။လက်နက်ခဲယမ်းတွေနဲ့တပ်စစ်ခေါ်ယူပြီးတော့ စစ်ကြောင်းထိုးတယ်။ ကျနော့်ကို ဘန်ကာတွေထဲမှာ နေရာယူခိုင်းတ ယ်။အဲဒီမှာတိုက်ပွဲဖြစ်ကြတယ်။တိုက်ပွဲမှာ ထိခိုက်တာတွေများလာတော့ ပြန်ဆုတ်သွားကြတယ်။ ကျနော့်တို့အိပ် ပျော်နေတာကို မနိုးသွားကြဘူး။ အဲဒီမှာ PLA အဖွဲ့တွေဝင်လာပြီး ပြုစုစောင့်ရှောက်ထားပါတယ်။” လို့ ပေါ်တာဆွဲခံရတဲ့ကလေးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ရှိန်းကိုကိုကျော် ရဲအရာခံဗိုလ်၊အသက် ၁၅ နှစ်အရွယ်နေထက်လင်း ကိုယ်ပိုင်နံပါတ်(တတ – ၁၃၉၂၆၃)၊စိုးတာ ကိုယ်ပိုင်နံပါတ် (တတ – ၁၃၈၂၃၁ )၊ရဲကျော်ကျော် ကိုယ်ပိုင်နံပါတ် (ပစ – ၁၄၃၂၃၃ )တို့ကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ရန်ကုန်အဝေးပြေးကွင်းကနေ ပေါ်တာဆွဲခံရတဲ့ ကိုစိုးတာကို သင် တန်းတွေတက်ခိုင်းပြီး ရှေ့တန်းစစ် မြေပြင်ကိုသွားခိုင်းတယ်လို့ဆိုပါတယ်။\
“စစ်ကူဆိုပြီးတော့ ကျနော်တို့က လေယာဥ်နဲ့သွားရပါတယ်။ လယ်မထီးရွာကိုသွားရပါတယ်။လေယာဥ်သုံးစိီးနဲ့။အဲမှာလူတွေခွဲပြီးတော့ ညတွင်းကြီးသွားရပါတယ်။အဲဒီမှာနှစ်ရက်သုံးရက်လော က်နေတော့ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်။ ဘယ်လိုမှ ဆက်တိုက်လို့မရတော့ဘူး။အကြီးအကဲတွေက ဆယ့်တနာရီခွဲလောက်မှာဆုတ်တယ်။ကျနော်ကမဆုပ်ခင်တရက်လောက်အလိုက ရင်ဖက်မှာဒဏ်ရာရထားပါတယ်။ကျနော်က ဆုတ်ရင်းနဲ့လမ်းမှာအမိုးဖောက်ပြီးကျန်ခံတာပါ။” လို့ ဖမ်းဆီးရမိခံထားရတဲ့ စစ်သုံ့ပန်းကိုစိုးတာက ပြောပါတယ်။
ရဲကျော်ကျော်ဟာ သင်တန်းအဆင့်တ က်ပြီးတာနဲ့ရှေ့တန်းစစ်မြေပြင်ကိုရော က်သွားခဲ့ပြီး တိုက်ပွဲအတွင်း လည်ပင်းမှာဒဏ်ရာရသွားတာကြောင့် PLA ကဆေးဝါးကုသပေးကာ သေရှာပြုစုစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ရဲအရာခံဗိုလ်အဆင့်ရှိ စစ်သုံ့ပန်းရှိန်းကိုကိုကျော်မှာလည်းပြောင်း ရွေ့အမိန့်နဲ့ တပ်ဖွဲ့ဝင်တွေနဲ့အတူကန့် ဒေါင့်မှအင်မထီးဘက်သို့ ဆုတ်ခွာစဉ် တိုက်ခိုက်ခံရပြီးဒဏ်ရာတွေနဲ့ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။
“အမိန့်ပါလာတာနဲ့ပြောင်းရွှေ့ရပါတ ယ်။PLA အဖွဲ့ကကြားဖြတ်တိုက်ခိုက်တာကိုခံရပါတယ်။အုဲမှာ ကျနော်ဒဏ်ရာရသွားခဲ့ပါတယ်။တိုက်ပွဲဖြစ်တဲ့နေရာမှာ ဒဏ်ရာနဲ့ကျန်ခဲ့ပြီးတော့ အခု PLA ရဲ့ တပ်ဖွဲ့ဝင်တွေက ကျနော့်ကို ခေါ်ယူပြီး ဆေးကုသပေးခဲ့ပါတယ်။ အခု ကျနော် တော်တော်သက်သာနေပါပြီ။” လို့ရဲအရာခံဗိုလ်အဆင့်ရှိရှိန်းကိုကိုကျော်က ဆိုပါတယ်။
အဲဒီစစ်သုံးပန်းတွေကိုဆေးကုသပေးထားပြီး စစ်သားဂုဏ်သိက္ခာနဲ့အညီထိမ်းသိမ်းထားတယ်လို့ ဆိုပါတယ်။
အဲဒိီကန့်ဒေါင့်ရဲစခန်းကို ဇွန်လ ၁၉ ရက်နေ့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မ တော်ဦးဆောင်တဲ့ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်ထားတာဖြစ်ပါတ ယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီစစ်သုံးပန်းတွေ၊လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
Comments 2
order amoxil sale – comba moxi buy amoxicillin medication
amoxicillin tablet – https://combamoxi.com/ amoxicillin oral