Border News Agency
နောင်ချို၊ ဇွန် ၂၅။
တအာင်းပြည်၊ နောင်ချိုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အမြင့်ဆုံးပြုလုပ်ခဲ့တယ်လို့ တအောင်းတပ်မတော်(TNLA) က ဇွန်လ ၂၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
နောင်ချိုမြို့နယ်၊ တပ်မဟာ ၃ နယ် မြေကို ဇွန်လ ၂၄ရက်နေ့မှာ စစ်ကောင်စီတ ပ်ကလေကြောင်းမှ ဗုံးအလုံးတရာ့သုံးဆယ်၊ ဒရုန်းဗုံးအလုံးခြောက်ဆယ်၊လ က်နက်ကြီးငါးဆယ့်သုံးလုံးထိ ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောင်ချိုမြို့နယ်ရှိ နောင်အော၊ လညက်ပန်ကုန်း၊ ရွှေသွန်း၊ မျက်ချီးနု၊ လုံစံ၊ ကုန်းသာ၊ အုမ္မသီး၊ ဆမ္မဆယ်ကျေးရွာကြားတိုက်ပွဲဖြစ်နေချိန်မှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုအများဆုံးပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
နောင်အောကျေးရွာမှာ စစ်ကောင်စီတ ပ်နဲ့ တအာင်းတပ်မတော်ကြား တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှဗုံးလေးဆယ်နှစ်လုံး၊ဒ ရုန်းဗုံးနှစ်ဆယ်တလုံး၊လက်နက်ကြီး
တဆယ့်ခုနှစ်လုံးထိ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်အုမ္မသီးနဲ့ဆမ္မဆယ်ကျေးရွာကြားတိုက်ပွဲမှာလည်း ဒရုန်းဗုံးသုံးဆ ယ်ကိုးလုံးထိ ကြဲချခဲ့သလို လုံစံကျေးရွာတိုက်ပွဲအတွင်းမှာလည်း စစ်ကောင် စီတပ်ကလေကြောင်းမှဗုံးအလုံးရေလေးဆယ်ခုနှစ်လုံး၊ လက်နက်ကြီးသုံးဆယ်နှစ်လုံးထိ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
ကျောက်တောရွာကိုနှစ်လုံး၊ရွှေသွန်းရွာကိုသုံးဆယ်ရှစ်လုံး၊မျက်ချီးနုရွာကိုတလုံးထိ ကြဲချခဲ့တယ်သလို အုမ္မခါးရွာကိုလည်း လက်နက်ကြီးလေးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နောင်ချိုမြို့နယ်မှာစစ်ကောင်စီတပ်နဲ့တအာင်းတပ်မတော်ကြားတိုက်ပွဲဆက်ဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်က ဇွန်လ၂၃ ရက်နေ့ကလည်း လက်နက်ကြီးတရာ့နှစ်ဆယ်နှစ်လုံး၊လေကြောင်းမှဗုံးလေး
ဆယ်ခုနှစ်လုံးထိ ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်ဆောင်ရွက်ဖို့အတွက် အပစ်ရပ်ကာလသက်တမ်းထပ်တိုးထားတာကိုအခွင့်ကောင်းယူပြီးစစ်ကောင်စီတပ်က အဆ က်မပြတ်ထိုးစစ်ဆင်နေတာမို့ တိုက်ပွဲတွေမကြာခဏဖြစ်နေတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်တွေကို ရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။
Comments 1
lxx49y