Border News Agency
ရန်ကုန်၊ ဇွန် ၂၅။
ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်အတွင်း ရန်ကုန် -မန္တလေးအမြန်လမ်းဟောင်းရှိစစ်ကောင်စီတပ်စခန်းကိုးခုကို တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဇွန်လ ၂၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒိစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊စစ်ဆင်ရေးနယ်မြေ ၂ကွပ်ကဲမှုအောက်ရှိတပ်တွေ၊ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA )တပ်ဖွဲ့တွေက ဒီနေ့မနက်က
တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒိီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဆယ်ဦးထက်မနည်း သေ ဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့သလိုရဲအုပ်တဦးအပါအဝင်သုံ့ပန်းသုံးဦးကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်လက်နက်ကြီး၊ လက်နက်ငယ်အစုံတဆယ့်ခြောက်လက်၊ခဲယမ်းတွေ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒိီတိုက်ပွဲအတွင်းတော်လှန်ရေးရဲ ဘော်တဦးကျဆုံးခဲ့ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒိီတိုက်ခိုက်တာတွေကိုအမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊တိုင်းစစ်ဌာန(ပဲခူး)၊ဗျူဟာ ၂၄ နဂါးနီစစ်ကြောင်း၊ အာဠာဝကတပ်ရင်း၊ အမှတ် ၃၅၀၃ တပ် ရင်း၊ဖြူး(ပကဖ)၊ဗျူဟာ ၂၅၊ အမှတ် ၃၇၀၂ တပ်ရင်း၊ Spring Warriors Column၊ KNLA တပ်ရင်း ၉၊ ဗျူဟာ၂၆ ၊တော်ဝင်ဒေါင်းတပ်ရင်း၊တောကျီးကန်းတပ်ရင်းပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တိုင်းစစ်ဌာန(ပဲခူး) မှ ပဲခူးတိုင်းအတွင်း စစ်ဆင်ရေးတွေ တိုးမြှင့်ဆောင်ရွက်နေ တာမို့ ပြည်သူတွေပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံထားပါတယ်။