Border News Agency
နောင်ချို၊ ဇွန်၂၆ ။
နောင်ချိုမြို့နယ်တိုက်ပွဲအတွင်း ဇွန်လ ၂၅ ရက်၊ တရက်အတွင်းမှာ စစ်ကောင်စီတပ်က ဒရုန်းဗုံးနှစ်ဆယ့်ရှစ်လုံး၊ လက်နက်ကြီး ခြောက်ဆယ်ရှစ်လုံးအထိအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ တအောင်းတပ်မတော် TNLA က ဇွန်လ ၂၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ နောင်လင်၊ နောင်အော၊ လုံစံနဲလနောင်ဖာကျေးရွာအနီးတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ဒရုန်း၊လက်နက်ကြီး အများအပြားနဲ့တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
နောင်လင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအောင်းတပ်မတော် – TNLA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စိတပ်က ဒရုန်း ဗုံးဆယ့်လေးလုံးနဲ့ လက်နက်ကြီး ငါးဆယ်လေးလုံးထိ ပစ်ကူတိုက်ခိုက်ခဲ့သလို နောင်အောကျေးရွာအတွင်းကတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်က ဒရုန်းဗုံး ခုနှစ်လုံးနဲ့ လက်နက်ကြီး ခုနှစ်လုံးထိ ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်လုံစံကျေးရွာကိုလည်း ဒရုန်း ဗုံးလေးလုံးနဲ့ လက်နက်ကြီး ခုနှစ်လုံးထိ ပစ်ကူတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ အုမ္မခါးကျေးရွာဘက်ကိုလည်း ဒရုန်း ဗုံးသုံးလုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
နောင်ချိုမြို့နယ် နောင်အော၊ လက်ပန်ကုန်း၊ ရွှေသွန်း၊ မျက်ချီးနု၊ လုံစံ၊ ကုန်းသာ၊ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာကြားပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့လည်း စစ်ကောင်စီတပ်နဲ့တအာင်းတပ်မတော် -TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒိီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကလေကြောင်းဗုံးအလုံး တရာ့သုံးဆယ်၊ ဒရုန်းဗုံးအလုံးခြောက်ဆယ်နဲ့လက်နက်ကြီး ငါးဆယ်သုံးလုံးထိပစ်ကူခိုက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်ဆောင်ရွက်ဖို့အတွက် အပစ်ရပ်ကာလသက်တမ်းထပ်တိုးထားတာကိုအခွင့်ကောင်းယူပြီးစစ်ကောင်စီတပ်က အဆ က်မပြတ်ထိုးစစ်ဆင်နေတာမို့ တိုက်ပွဲတွေမကြာခဏဖြစ်နေတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်တွေကို ရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။
Comments 1
c4gg6k