Border News Agency
ကျောက်တော်၊ ဇွန် ၂၆။
ကျောက်တော်မြို့နယ်မှာ အရေးပေါ်လူနာအမျိုးသမီးကြီးတဦးအရေးပေါ်သွေးရှာမရလို့ ဇွန်လ ၁၉ ရက်နေ့က သေဆုံးသွားပါတယ်။
အဲဒီကျောက်တော်မြို့နယ်၊ဝါးတောင်ကျေးရွာကားဂိတ်နေ အသက် ၇၄ နှစ်အရွယ်ဒေါ် ခိုင်စိန်လှဖြစ်တယ်ပါတယ်။
သူမဟာ ကျောက်တော်မြို့နယ်ရှိ ဆေး ခန်းတခုကို သွားပြခဲ့ရာအစာအိမ်သွေးကြောပြတ်ရောဂါဖြစ်ပွားနေတာဖြစ်တယ်လို့ မိသားစုတွေက ဆိုကြပါတယ်။
အဲဒီအစာအိမ်သွေးကြောပြတ်ရောဂါကို ကုသဖို့အတွက် သွေးရှာကြချိန်မှာသွေးရှာမရလို ဇွန်လ ၁၉ရက်နေ့ညနေမှာ သေဆုံးသွားတာလို့ မိသားစုဝင်တွေက ဆိုကြပါတယ်။
“သွေးရှာတာ ဘယ်လိုမှရှာလို့မရဘူး။ မိုးထဲလေထဲ တနေကုန်ရှာရတယ်။ပြီးတော့ ဖုန်းလိုင်းတွေမရတာ ပိုဆိုးတယ် ။အရင်ကဆို ဖုန်းဆက်ရင်သွေးအမျိုးအစားတူတာတွေကို ချက်ချင်းရနိုင်မှာ။ခုက ဆွေမျိုးထဲက သွေးတူတာတွေရမလားဆိုပြီး ဆိုင်ကယ်နဲ့သွားခေါ်။မတူရင်ပြန်ပို့။ထပ်ရှာနဲ့အချိန်လည်းကြာတယ်။သွေးရှာရတာ တနေကုန်တယ်။သွေးရတဲ့အချိန်မှာက သွေးသွင်းလို့မရတော့ဘူး။အသက်ဆုံးရှုံးသွားတယ်။” လို့ မိသားစုဝင်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီကျောက်တော်မြို့က သွေးလှူရှင်အသင်းတွေ၊အရပ်ဖက်လူမှုအဖွဲ့အစ ည်းတွေကို ချိပ်ဆက်အကူအညီတော င်းရှာခဲ့တယ်လို့ မိသားစုတွေကဆိုကြပါတယ်။
အဲလိုရှာခဲ့လို့ လိုအပ်တဲ့အေသွေးတလုံးရှာလို့ရခဲ့ပေမယ့် သွေးသွင်းမယ့်အချိန်မှာ သွေသွင်းလို့မမီတော့ဘဲ အသက်ဆုံးရှုံးသွားတာလို့ မိသားစုဝင်တွေက ဆိုကြပါတယ်။
“သွေးရှာမရလို့ ဆုံးသွားတာကို အသက်ကြီးနေလို့ ဆုံးသွားတာပါဆိုပြီး ဖြေသာပါသေးတယ်။အသက်အရွယ်လ ည်းမကြီးသေးတဲ့သူဆိုတော့ သွေးရှာမရလို့ဆုံးသွားတာကို ဘယ်လိုမှဖြေနိုင်မယ်မထင်ဘူး။သွေးရတဲ့အချိန်မှာ သွေးသွင်းဖို့သွေးရလာပြီလို့ ဆရာဝန်တွေကို သွားပြောတဲ့အချိန်မှာပဲ အဖွားက မျော့ပြီးဆုံးသွားတယ်။” လို့ မိသားစုဝင်တဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အရေးပေါ်သွေးလိုအပ်လာရင်ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာမို့ ပုံမှန်သွေးအလှူရှင်တွေကို ဆက်သွယ်မရတာမို့ သွေးရှာရ
ခက်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် တခြားဒေသတွေကို ထွက်ခွာသူများပြားသွားတာတွေကလည်း ပုံမှန်သွေးလှူသူနည်းပါးသွားစေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခဒေသမှာ သွေးအလှူရှင်အသင်းတွေ၊ပုံမှန်သွေးလှူသူတွေရှိခဲ့တာမို့အ ရေးပေါ်သွေးလိုအပ်လာရင် သွေးအလွ ယ်တကူရနိုင်ခဲ့တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
ဒါပေမယ့် စစ်ပွဲတွေစတင်ပြီးနောက် စစ်ကောင်စီတပ်ကလမ်းပန်းဆက်သွယ် ရေးတွေပိတ်ဆို့ထားတွေ၊ဖုန်းလိုင်း၊အ င်တာနက်လိုင်းတွေ ဖြတ်တောက်ထား
တာတွေကြောင့် သွေးရရှိမှုအခက်အခဲတွေဖြစ်နေကြတာလို့ ဆိုကြပါတယ်။
အဲဒီအပြင် သွေးအလှူရှင်များအသင်းတွေလည်း ငွေကြေးအခက်အခဲတွေကြောင့် ပုံမှန်မလည်ပတ်နိုင်ကြတော့တာမို့ သွေးရရှိမှုအခက်အခဲတွေဖြစ်နေကြတာလို့ ဆိုကြပါတယ်။
အဲဒါကြောင့်သွေးလိုအပ်တဲ့လူနာတွေအတွက် သွေးအမျိုးအစားအလိုက်အေသွေးတလုံးကို ကျပ်နှစ်သိန်း၊ အေဘီသွေးတလုံးကို ကျပ်နှစ်သိန်းခွဲ၊ဘီသွေးနဲ့အိုသွေးအမျိုးအစားတလုံးကို ကျပ်တသိန်းမှတသိန်းခွဲထိပေးပြီး ဝယ်ယူနေကြရတယ်လို့လည်း သွေးလှူရှင်အသင်းတွေဆီက ဆိုကြပါတယ်။
အာရက္ခဒေသမှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုတွေ၊ မိုင်းနဲ့စစ်လက်ကျန်ပစ္စည်းတွေကြောင့် ထိခိုက်ဒဏ် ရာရရှိသွားသူတွေဟာ အရေးပေါ်သွေးလိုအပ်ပေမယ့် သွေးရှာမရတာလို့အ သက်ဆုံးရှုံးသွားသူတွေလည်း အများကြီးရှိလာနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
Comments 2
order amoxil generic – https://combamoxi.com/ generic amoxicillin
amoxil uk – combamoxi oral amoxil