Border News Agency
တောင်ကုတ်၊ ဇွန် ၂၇။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့တောင်ကုတ်မြို့နယ်မှာ ဇွန် ၂၆ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရသွားပါတယ်။
အဲဒီတောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ အောင်ချမ်းသာ ၁ လမ်းနေအသက်လေးဆယ်ငါးနှစ်အရွယ် ဦးသိန်းဝင်းမှာခန္တကိုယ်အနှံ့ ဒဏ်ရာပြင်းရသွားပါတယ်။
သူဟာ မနေ့ည ၂ နာရီအချိန်ခန့်က ပန်းတောင်း-တောင်ကုတ်လမ်းမကြီး၊ ဘိုးဘွားရိပ်သာရှိ၊တပ်မအနီးရှိလယ်ထဲမှာ မြေမြုပ်မိုင်းနင်းမိခဲ့တာလို့ မြို့ခံတွေကဆိုကြပါတယ်။
အဲဒီမိုင်းပေါက်ကွဲမှုကြောင့် ဦးသိန်းဝ င်းရဲ့ဘယ်ဖက်ပခုံး၊လိုင်ပင်း၊ညာဖက်ရင်အုံ၊ညာဖက်လက်မ၊ညာမျက်ခုံးနဲ့ ညာဖက်ပါးတွေမှာ ဒဏ်ရာရသွားတာကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မိုင်းရှင်းလင်းရေးတွေလုပ် ဆောင်နေပေမယ့် အရပ်သားပြည်သူတွေ မြေမြုပ်မိုင်းအန္တရာယ်တွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာ ခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရတာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါအဝင် အရပ်သားပြည်သူတွေဟာစားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့နေကြရသလို ဘေးကင်းလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေလည်း ကြုံတွေ့နေကြရတ ယ်လို့ ဆိုကြပါတယ်။
အာရက္ခဒေသက အရပ်သားပြည်သူတွေဟာ နေအိမ်ခြံဝန်းတွေ၊နေအိမ်တွေ ၊လူသွားလူလာလမ်းမတွေ၊မြို့၊ကျေး ရွာအနီးက တောတောင်တွေမှာစားဝတ် နေရေးအတွက်ရုန်းကန်နေရချိန်မှာမြေ
မြုပ်မိုင်းနင်းမိလို့ သေဆုံးဒဏ်ရာရနေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
Comments 2
buy amoxicillin sale – https://combamoxi.com/ amoxil usa
amoxil over the counter – combamoxi buy amoxil no prescription