Border News Agency
ကျောက်မဲဇွန် ၃၀ ။
ကျောက်မဲမြို့ကို စစ်ကောင်စီတပ်လေ ကြောင်းတိုက်ခိုက်လို့ နေအိမ်လေးလုံးနဲ့ ဘုန်းကြီးကျောင်းပျက်စီးသွားတယ်လို့ တအာင်းတပ်မတော်က ဇွန်လ ၃၀ ရ က်၊ဒီနေ့ ထုတ်ပြန်ပါတယ်
တအာင်းတပ်မတော်ထိန်းချုပ်ထားတဲ့ကျောက်မဲမြို့၊ရပ်ကွက် ၇ ၊ မြောက်ကု န်းနဲ့ ၅၀၂ တပ်စခန်းဟောင်းကို စစ်ကောင်စီတပ်ကလေကြောင်းမှဗုံးခြော က်လုံးထိကြဲချခဲ့လို့ အဆောက်အအုံးတွေ ပျက်စီးသွားခဲ့တာပါ။
စစ်ကောင်စီတပ်ဟာ ဇွန်လ ၂၉ ရက်၊မနေ့ညက ရပ်ကွက် ၇ ကို ဗုံးနှစ်လုံး၊ မြောက်ကုန်းရပ်ကွက်ကိုဗုံးနှစ်လုံးနဲ့ ၅၀၂ တပ်စခန်းဟောင်းကို ဗုံးနှစ်လုံးကြဲကျခဲ့တာပါ။
အဲဒီနေ့၊နေ့လည်က ရပ်ကွက် ၁ ကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့အမျိုးသမီးနှစ်ဦး၊ အမျိုးသားလေးဦးဒဏ်ရာရသွားပါတယ်။
နောက်ပြီး နေအိမ်ဆယ်အိမ်၊စာသင် ကျောင်း၊ဘုန်းကြီးကျောင်းတွေလည်းပျက်စီးသွားခဲ့ပါတယ်။
အဲဒီကျောက်မဲမြို့နယ်ကို ပြီးခဲ့တဲ့ဇွန် လ ၂၄ ရက်နေ့နဲ့ ၂၆ရက်နေ့ကလည်းစစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားငါးဦးသေဆုံးပြီးကလေး ငယ်နှစ်ဦးအပါအ၀င်ဆယ့်ခြောက်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီအပြင် နေအိမ်ငါးဆယ် ၊စာသင်ကျောင်းနှစ်ဆောင်လည်းပျက်စီးသွားခဲ့ပါတယ်။
အဲဒါကြောင့် စစ်ကောင်စီတပ်လေ ကြောင်းရန်ကို ပြည်သူတွေရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီးလေ ကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့လိုအပ်ပါတယ်။





Comments 2
purchase amoxicillin pill – cheap generic amoxicillin amoxil oral
cheap amoxicillin – https://combamoxi.com/ amoxil pills