Border News Agency
ကျောက်ဖြူ၊ ဇူလိုင် ၂။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးဘရှိန်ဦးဆောင်တဲ့ ရခိုင်တိုင်းရင်း သားများပါတီ(Rakhine Nationalities Party) ရဲ့ အလံနဲ့ တံဆိပ်ကို ဇူလိုင်လ ၂ ရက်နေ့မှ ခုနှစ်ရက်အတွင်း ကန့်ကွက်နိုင်တယ်လို့ စစ်ကောင်စီရဲ့ ပြည်ထော င်စုရွေးကောက်ပွဲကော်မရှင်(UEC)က ကြေညာပါတယ်။
အဲဒီရခိုင်တိုင်းရင်းသားများပါတီဌာနချုပ်ကို ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ဦးဥတ္တမလမ်း၊ အိမ်အမှတ် ၄၉ မှာ ဖွင့်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇွန်လ ၉ ရက်နေ့က ပါတီတည်ထောင်ခွင့်ပြုလိုက်ပြီးနောက် ဇွန်လ ၂၄ ရက်နေ့မှာပါတီမှတ်ပုံတ င်ခွင့်လျှောက်ထားတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပါတီကိုတရားဝင်မှတ်ပုံ တင်ခွင့်ပြုဖို့အတွက် ပါတီအလံ၊ ပါတီတံဆိပ်၊ ပါတီဌာနချုပ်ကို တရားဝင်ထု တ်ပြန်ကြေညာတာဖြစ်ပါတယ်။
ရခိုင်လူမျိုးကိုယ်စားပြုဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party)ကို စစ်ကောင်စီက ပါတီမှတ်ပုံတင်ပေးထားပြီး ဦးဘရှိန်ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီက မှတ်ပုံတင်ခွင့်ရဖို့ ကြိုးပ မ်းနေတာဖြစ်ပါတယ်။
ဒေါက်တာအေးမောင်နဲ့ဦးဘရှိန်ဟာ တရခိုင်အမျိုးသားပါတီ(ANP)ရဲ့ခေါင်း ဆောင်တာဝန်ယူခဲ့ကြသူတွေဖြစ်ပြီး ရခိုင်အမျိုးသားပါတီ(ANP)ကတော့ စစ်ကောင်စီက ပါတီတည်ထောင်ခွင့်မပြုပါဘူး။
စစ်ကောင်စီဆီမှာပါတီမှတ်ပုံတင်လျှောက်ထားတာ ၁၇ ပါတီရှိပြီး ၁၄ ပါတီကို မှတ်ပုံတင်ခွင့်ပြုထားပြီးကျန်ပါတီတွေကို စီစစ်နေတယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှဇွန်လ ၂၄ ရက်နေ့ ထုတ်ပြန်ထားပါတယ်။
အာရက္ခပြည်သူတွေဟာ ကိုယ့်ကံကြမ္မာကိုဖန်တီးခွင့်ကို နိုင်ငံရေးနည်းလမ်းနဲ့တောင်းယူလို့မရတာမို့ လက်နက်ကိုင်န ည်းလမ်းကို ထောက်ခံအားပေးခဲ့ကြတာလို့ လေ့လာသူတွေက ထောက်ပြထားကြပါတယ်။
ရခိုင်တိုင်းရင်းသားများပါတီဌာနချုပ်ဖွင့်ထားတဲ့ကျောက်ဖြူမြို့နယ်ကို အာရက္ခတပ်တော်ကထိုးစစ်ဆင်တိုက်ခိုက်နေသလို ရခိုင့်ဦးဆောင်ပါတီဌာနချုပ်ရှိတဲ့စစ်တွေမြို့နယ်မှာလည်း နှစ်ဘက်စစ်ရေးတင်းမာနေကြပါတယ်။
Comments 3
Свадебный букет из гортензий с бесплатной доставкой по Москве — это отличное решение для тех, кто хочет удивить своих близких. Букеты с гортензиями способны добавить романтики и стиля, делая каждое событие особенным.
[url=https://gortenziimsk.ru/]Букет гортензий с бесплатной доставкой в Москве[/url].
Вы можете заказать доставку букета гортензий в любое время и в любое место в Москве. Мы стремимся к тому, чтобы каждый созданный букет был уникальным и незабываемым.
Гортензии прекрасно дополняют любые цветочные композиции и подходят для различных случаев. Эти цветы могут стать стильным акцентом в вашем доме, радующим глаз каждый день.
Подарите себе или своим друзьям чудесный букет гортензий с доставкой на дом. Для получения букета гортензий с доставкой вам достаточно оформить заказ онлайн.
order amoxil pill – https://combamoxi.com/ purchase amoxicillin generic
amoxil us – combamoxi.com amoxil drug