Border News Agency
ကျောက်တော်၊ ဇူလိုင် ၅။
အာရက္ခဒေသသို့ ကုန်ပစ္စည်းတွေတင်သွင်းနေတဲ့လမ်းတွေပျက်နေလို့ ကုန်ပ စ္စည်းတွေ စျေးတက်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီကားလမ်းတွေပျက်နေလို့ ကုန်တင်ကားတွေ ပိတ်မိနေပြီး ခရီးစာရိတ်ကုန်ကျတာတွေ ပိုများနေတာမို့ ကုန်ပစ္စည်းတွေ စျေးတက်နေတယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။
“ကုန်ဈေးနှုန်းတွေကတက်လာနေတယ်။ အရင်ကထက် နှစ်ဆလောက်တက်တာ။ ကုန်တွေက မဝင်ဘူးလေ။ ကုန်တင်သွင်းတဲ့လမ်းတွေက လမ်းပိုင်းပြိုကျ နေတာ။ သွားလာလို့မရဘူး။ အဲဒီဘက်က ရခိုင်ကိုကုန်တွေဝင်ဖို့သီးသန့်ကားငယ်တွေငှားရတယ်။ အဲဒီကားတွေကလည်း ငှားရတာဈေးအရမ်းများတော့ အဆင်မပြေကြဘူး။ ရခိုင်မှာတော့ ကုန်တွေဈေးတက်လာနေတယ်။” လို့ ကျော က်တော်မြို့မှ ကုန်သည်တဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတ ည်းက စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့ထားသလိုကုန်းစည်စီးဆင်းမှုအားလုံးကိုလည်း တားမြစ်ကန့်ကတ်ထားပါတယ်။
အဲဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေ၊ အိမ်နီးချင်းဒေသတွေက အဆင်ပြေသလို နားလည်မှုတွေနဲ့တင်သွင်းသယ်ယူနေကြရပါတယ်။
အဲဒီကုန်းသွယ်ရေးလမ်းကြောင်းတွေဟာ မိုးရွာသွန်းမှုတွေများတာမို့ မြေပြိုတာတွေ၊လမ်းပျက်တာတွေဖြစ်နေတာမို့ ကုန်ပစ္စည်းသယ်ယူရတာတွေ ပိုခက် ခဲအချိန်ကြာနေတယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။
အဲဒါကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး စစ်ဘေးရှောင်တွေအပါအဝင်အခြေခံလူတန်းစားတွေဟာ စားဝတ် နေရေးပိုမိုခက်ခဲကျပ်တည်းနေကြတ ယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
“မနက်ကအိမ်အတွက် ပစ္စည်းတွေသွားဝယ်တာ။ အရင်ဈေးထက် နှစ်ဆပိုတက်သွားတယ်။ဈေးတက်တဲ့အကြောင်းတွေမေးကြည့်တော့ ကုန်ကားတွေပိတ်မိပြီး ကုန်တွေပြတ်လပ်နေလို့ ဈေးတ က်တာဆိုပြီး ဆိုင်သည်တွေကပြောကြတယ်။ အရင်က စားသုံးဆီနှစ်ဘူးဝယ်နိုင်တဲ့အခြေအနေက ခုတဘူးဝယ်နိုင်တော့တယ်။ ခက်ခဲတာတော့မပြောပါနဲ့” လို့ ကျောက်တော်မြို့၊ပြည်တော်သာရပ်ကွက်မှအမျိုးသမီးတဦးက ပြောပါတယ်။
အဲဒီလိုလမ်းတွေပျက်စီးနေတာမို့ ကုန်ပစ္စည်းတွေလည်းပျက်စီးမှုတွေရှိနေကြသလို ကုန်ပစ္စည်းတွေရှားပါးလာတာတွေ၊မှာယူလို့မရတာတွေထိ ဖြစ်နေတ ယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် တဆယ့်ငါးမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။
အာရက္ခအစိုးရနယ်မြေတွေက ကုန်သွယ်ရေးကားလမ်းတွေကို ပြုပြင်ပေးစေချင်တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
Comments 3
Hello,
Club music download private server, quality music https://0daymusic.org
MP3/FLAC, label, music videos, soft, nfo. Fans giving you full access to exclusive electronic, rap, rock, trance, dance… music.
0day team.
amoxil oral – buy amoxicillin tablets order amoxil generic
where can i buy amoxil – cheap amoxicillin pill amoxicillin for sale online