Border News Agency
မြောက်ဦး၊ ဇူလိုင် ၆။
အာရက္ခဒေသသို့ ကုန်စည်တွေတင်သွင်းရာလမ်းကြောင်းတလျှောက်လမ်းပိုင်းတချို့ပျက်နေလို့ စက်သုံးဆီတွေ၊အခြေခံစားသောက်ကုန်တွေစျေးတက် နေတယ်လို့ ကုန်သည်တွေ၊ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီကုန်စည်တွေ၊ ဆေးဝါးတွေကို အိမ်နီးချင်းနိုင်ငံတွေ၊အိမ်နီးချင်းဒေသတွေကတဆင့် တင်သွင်းသယ်ယူနေကြရတာပါ။
အဲဒီလမ်းကြောင်းတလျှောက်ကားလ မ်းပိုင်းတချို့ ပျက်နေတာမို့ ဈေးပိုတက်သွားတာလို့ ကုန်သည်တွေက ဆိုကြပါတယ်။
“လမ်းပျက်နေလို့ပေ့ါ။ စျေးတက်တာက။ အိန္ဒိယဘက်က ရေလမ်းလည်း ပုံမှန်လိုမဖြစ်သေးဘူး။” လို့ ကုန်သည်တဦးက ပြောပါတယ်။
အရင်က ဓာတ်ဆီ(92)တလီတာကို ကိုးထောင်ကျပ်သာရှိခဲ့ပေမယ့်တသော င်းသုံးထောင်ကျပ်ဖြစ်နေသလို ကြက် သွန်နီတပိဿာကို တသောင်းကျပ်သာ
ရှိခဲ့ပေမယ့် ကျပ်နှစ်သောင်း၀န်းကျင်ထိဖြစ်နေပါတယ်။
နောက်ပြီး ကြက်သွန်ဖြူတပိဿာကို ကျပ်နှစ်သောင်းကျော်ရှိခဲ့ပမေယ့် ကျပ်လေးသောင်းကျော်ထိဖြစ်နေသလို စားဆီတလီတာကို ကျပ်တသောင်းသာရှိခဲ့ပေမယ့် ကျပ်တသောင်းနှစ်ထောင်ထိဖြစ်နေပါတယ်။
အဲဒီအပြင် နှစ်သောင်းဝန်းကျင်ရှိခဲ့တဲ့ အထုတ်ငယ်သုံးဆယ်ပါကော်ဖီထုတ်ကြီးတထုတ်ကို နှစ်သောင်းခွဲကျော်ထိ ဈေးတက်နေပါတယ်။
အဲဒီကုန်စည်သယ်ယူရာလမ်းကြောင်းတွေဟာ မိုးသန်းထည်စွာရွာသွန်းတာ၊ ရေစီးသန်တာကြောင့် ပျက်စီးနေတာဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြုပြင်လုပ်နေတာ တွေ့ရပါတယ်။
အဲဒီလမ်းပိုင်းတွေ ပုံမှန်ပြန်ဖြစ် သွားရင်တော့ ကုန်စည်တွေ စျေးပြန်ကျနိုင်တယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။
“အခုတခေါက် စျေးတက်တာကသိ သာတယ်။အရင်ကလို တရိရိပ်တက်တာမဟုတ်ဘူး။” လို့ မင်းပြားမြို့နယ်မှ အမျိုးသမီးတဦးက ပြောပါတယ်။
အဲဒီအပြင် အာရက္ခဒေသတွင်းထွက် ကုန် ဟင်းသီးဟင်းရွက်တွေလည်း စျေးအနည်းငယ်တက်နေပါတယ်။
အရင်တပိဿာတသောင်းနီးပါးရှိခဲ့တဲ့ ငရုတ်သီးစိမ်းဟာ ငါးသောင်းဝန်းကျင်၊ တပိဿာငါးထောင်ဝန်းကျင်ရှိခဲ့တဲ့ ခ ရမ်းသီးဟာ တသောင်းဝန်းကျင်ရှိနေတာပါ။
“စျေးသွားနေကျဆိုတော့ သိသာတယ်၊ ပိုက်ဆံကုန်ပေါက်ကြီးသွားတာကို၊ ရပေါက်က နည်းနည်း။” လို့ မြေပုံမြို့ နယ်မှ အမျိုးသမီးတဦးက ပြောပါတယ်။
အာရက္ခပြည်သူတွေဟာ အခြေခံစား သောက်ကုန်၊ဆေးဝါး၊စက်သုံးဆီစတဲ့ ကုန်စည်၊ဆေးဝါးတွေကို ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယစတဲ့နယ်စပ်အပါအဝင် တခြားလမ်းကြောင်းတချို့က ခက်ခက်ခဲခဲ သွင်းယူသုံးစွဲနေကြရတာပါ။
အဲဒါကြောင့် ကုန်သွယ်ရေးလမ်းကြောင်း စနစ်တကျမရှိသေးတာမို့ ကုန်စည်၊ဆေးဝါးအားလုံးဟာ တခြားဒေသတွေနဲ့ယှဉ်ရင် ဈေးများစွာကွာဟနေတာဖြစ်ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတော့ ရိက္ခာ၊ ဆေးဝါးဖူလုံအဆင် ပြေရေးအတွက် ကုန်သွယ်ရေးလမ်း ကြောင်းတွေ ပိုအဆင်ပြေစေဖို့ ဆောင် ရွက်နေတယ်လို့ ဆိုထားပါတယ်။