အင်တာဗျူး
Border News Agency
ကျောက်တော်၊ ဇူလိုင် ၆။
အာရက္ခဒေသက စစ်ဘေးရှောင်ကျောင်းသားလူငယ်တွေဟာ စားဝတ်နေရေးအတွက် ကျောင်းထွက်အလုပ်လုပ်နေကြရပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင် ရာအကူအညီတွေမရကြတာမို့ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်ကျောင်းသားလူငယ်တွေဟာ မိသားစုစားဝတ် နေရေးအတွက် ပညာဆက်မသင်နိုင်ကြတော့ဘဲ အဆင်ပြေသလို ကြုံရာလုပ်ကိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီလိုကျောင်းထွက်အလုပ်လုပ်နေတဲ့အသက်တဆယ့်ခြောက်နှစ်အရွယ်စစ်ဘေးရှောင်လူငယ်တဦးကို Border News Agency က တွေ့ဆုံမေးမြန်ထားပါတယ်။
“အခုက အိန္ဒိယဆိပ်ကမ်းမှာ အလုပ်လုပ်နေရပါတယ်။ အိန္ဒိယကလာတဲ့ပစ္စည်းတွေကို ရောင်းပါတယ်။ဒီနားမှာရှိတဲ့စစ်ဘေးရှောင်တွေကအားလုံးကတော့ ဒီအလုပ်တခုကိုပဲ မှီခိုနေရတာပါ။ဒီအလု ပ်တခုနဲ့ ထမင်းစားနေတာပါ။”
“မိသားစုဝင်ကတော့ ညီမတယောက်၊အစ်မတယောက်၊ မိဘနှစ်ယောက်ရှိပါတယ်။ ကျွန်တော်တယောက်ဆို အား လုံးငါးယောက်ရှိပါမယ်။”
“စစ်တွေကပါ။တနှစ်ကျော်၊တနှစ်နဲ့ကိုးလလောက်တော့ရှိပါပြီ။နှစ်နှစ်ပြည့်ပါတော့မယ်… ဒီကိုရောက်တာ …ကျွန် တော်တို့…။”
“ပညာရေးအခြေအနေကတော့ လက်ရှိစားဝတ်နေရေးအဆင်မပြေလို့ပါ။အိမ်မှာလည်း…ယောက်ျားသားတယောက်တည်းရှိတာမို့လို့ပါ။ရုန်းကန်နေရတာပါ ။ပညာရေးကို နောက်ဆုတ်ထားပြီးတော့။”
“ကျွန်တော်ကတော့ ကျောင်းဆက်တ က်ချင်ပါတယ်။ သူငယ်ချင်းတွေနဲ့လ ည်း နေရပါတယ်။ ကိုယ့်ဟာကိုယ် လွ တ်လွတ်လပ်လပ်နေရပါတယ်။ အခုလိုအချိန်မှာ တယောက်တည်းရုန်းကန်နေရပါတယ်။ မိသားစုထမင်းစားရဖို့အတွက် ပညာရေးကို နောက်ဆုတ်ထားရပါတယ်။ အခုလက်ရှိ အလုပ်မလုပ်ရင် ထမင်းမစားရအခြေအနေဖြစ်နေပါတယ်။ အဲဒါကြောင့်လည်း ကျောင်းဆက်မတက်ရတဲ့အခြေအနေဖြစ်နေပါတယ်။”
“တရက်တလေတော့လည်း ပိုက်ဆံသုံးသောင်းလောက်ရပါတယ်။တရက်တလေကျတော့လည်း တပြားမှမရဘဲပြန်ရတဲ့နေ့တွေလည်း ပြန်ရပါတယ်။”
“အခုကလက်ရှိ အလုပ်သမားတွေလ ည်း ပိုပြီးတော့များလာပါတယ်။စားဝ တ်နေရေးအခက်အခဲဖြစ်လို့ပါ။တအိမ်ကသုံးယောက်လုပ်သူလုပ်၊ရှိတဲ့သူထလို့ အလုပ်လုပ်သူကလုပ် ပုံစံမျိုးစုံဖြစ်နေကြပါတယ်။”
“ဒီမှာက လယ်စိုက်နေကြတဲ့သူတွေရှိပါတယ်။ အလုပ်သမားတွေ၊ သူတို့တွေက အလုပ်ပျက်ကြပါတယ်။ အခုက…အဖွဲ့အစည်းတွေလည်းပျက်စီးလာပါတယ်။ အထက်ကဖြတ်စားစနစ်တွေများလာပါတယ်။ ခေါင်းပုံဖြတ်စနစ်တွေများလာလို့ပါ။အဲဒီလိုဖြစ်နေကြပါတယ်။ အလုပ်သမားတွေ…အခု။”
“အခုလက်ရှိမှာတော့…မိုးအခြေအနေနဲ့ဖြစ်လို့…အလုပ်သမားတွေဈေးတော့နည်းနည်းပိုတောင်ကြပါတယ်။ ဒါပေမယ့်…ဒီဈေးက သတ်မှတ်ထားတဲ့ ဈေးတခုတော့ရှိပါတယ်။ ဈေးနည်းတော့… တရက်ကို ပုံမှန်နှစ်သောင်းခွဲလောက်ပါ။ အလုပ်တော်တော်များတဲ့နေ့မှနှစ်သောင်းခွဲလောက်ရပါတယ်။ ပုံမှန်တ ရက်တလေကျတော့လည်း တရက်ကို သုံးသောင်းကျော်လေးသောင်းရတဲ့နေ့တွေလည်းရှိပါတယ်။”
“ကျွန်တော်… တခါတော့ နေမကောင်းဖြစ်ဖူးပါတယ်။ အလုပ်လုပ်နေရင်းနဲ့လုပ်ထားတဲ့ပိုက်ဆံကလည်း မလုံလောက်၊ မိဘတွေနဲ့လည်းအဝေးတနေရာမှာ နေရလို့။ကိုယ်ကအလုပ်လုပ်နေရပါတ ယ်။မိဘနေတာကတနေရာ။ ကျွန်တော်နေတာက တနေရာ။အခက်အခဲတွေရှိပါတယ်။တယောက်တည်းနေပြီးအလုပ်လုပ်နေသူတွေကတော့ ပြုစုဖို့လူမရှိသလို ပိုက်ဆံမရှိတဲ့နေ့တွေလည်း ရှိပါတယ်။တရက်တလေကျတော့လည်း ထမင်းစားဖို့ပိုက်ဆံမရှိပါဘူး။ရှေ့ကတဖြတ်အလုပ်မရှိပါ။ အခုမှမိုးနဲ့ဆိုတော့ အလုပ်လုပ်ရတာပါ။”
“ပညာကတော့ ဆက်သင်ချင်ပါတယ်။ ကျွန်တောကတော့…ကျောင်းကို ပြီးအောင်တက်မယ်လို့တော့ရည်းမှန်းထားပြီးသားပါ။ အခုလက်ရှိမှာတော့ အဆင်မပြေလို့ပါ။ ငွေရေးကြေးရေးက အဆင်မပြေပါ။ အဲဒါကြောင့် အလုပ်လုပ်နေရတာပါ။”
“ကိုယ့်လုံခြုံရေး၊မိသားစုအရေးအတွက်အလုပ်လုပ်နေရတာပါ။ ကိုယ့်စိတ်နဲ့ကိုယ်နေမယ်ဆိုရင် ကျောင်းဆက်တက်ချင်ပါတယ်။ ကျောင်းတက်ရတာက ပိုပျော်ဖို့ကောင်းပါတယ်။ ပညာဆက်သင်လို့ ကိုယ့်သူငယ်ချင်းအသိုင်းအဝိုင်းနဲ့နေချင်တာပါ။”