Border News Agency
မိုးကုတ်၊ ဇူလိုင်လ ၁၄၊
မိုးကုတ်မြို့မှာ ဇူလိုင်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်နှစ်ဦးအပါအ၀င် ခြော က်ဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က ပန်းမထိပ်အနီးကို ပေါင် ၅၀၀ ဗုံးတလုံးနဲ့တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီဗုံးကြောင့် ကလေးငယ်နှစ်ဦး၊ အမျိုးသမီးတဦးနဲ့အမျိုးသားသုံးဦးတို့ဒဏ်ရာရသွားပြီး နေအိမ်ခြောက်အိမ်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
ကျောက်မဲမြို့ကိုလည်းမနေ့ကလေ ကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးဒဏ်ရာရသွားသလို နေအိမ်နှစ်အိမ်နဲ့ ဇလပ်ဝါအချိုခြောက်စက်ရုံလည်းပျ က်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဇွန်လ ၂၉ရက်နေ့မှဇူလိုင်လ ၁၃ ရက်နေ့ထိလေကြောင်းမှ ကျောက်မဲမြို့ကိုခြောက်ကြိမ်၊နောင်ချိုမြို့နယ်၊သုံးဆယ်ကျေးရွာကိုတကြိ မ်၊မိုးကုတ်မြို့ကိုတကြိမ်၊သီပေါမြို့ကိုတကြိမ်ထိဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူလူထုခုနှစ်ဦး သေဆုံးခဲ့ရပြီး ကလေးငယ်နှစ်ဦးနဲ့ပြည်သူလူထု သုံးဆယ်သုံးဦးထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်နေအိမ်ငါးဆယ်လေးလုံး၊ စာသင်ကျောင်းတကျောင်း၊ ဘုန်းကြီးကျောင်းလေးကျောင်းပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာ ကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုတယ်လို့ ဆိုပါတယ်။