Border News Agency
ဒါကာ၊ ဇူလိုင် ၂၅။
အမေရိကန်ပစိဖိတ်စစ်ဌာနချုပ် [USARPAC- United States Army Pacific Command]နဲ့ဘင်္ဂလားဒေ့ရှ်တပ်မတော်ပူးပေါင်းပြီး ဇူလိုင် ၂၅ ရက်ဒီနေ့စတင်စစ်ရေးလေ့ကျင့်တယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကထုတ်ပြန်ပါတ ယ်။
အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကျားမိုးကြိုး-၂၀၂၅ (TL-2025 or Tiger Ligntning-2025)လို့ အမည်ပေးထားပြီး ဆိုင်လ်ဟတ်(Sylhet)မှာရှိတဲ့ အထူးကွန်မင်ဒိုတပ်ပါရာကွန်မင်ဒိုတပ်ရင်း (Para Commando Brigade)မှာ ပြု လုပ်တာလို့ ဆိုပါတယ်။
အဲဒီလေ့ကျင့်မှုကို အမေရိကန်ပစိဖိတ်စစ်ဌာနချုပ်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအစ္စကောတ်အေဝင်တာ (Major General Ascot A. Winter)တ က်ရောက်ခဲ့ပါတယ်။
အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဘင်္ဂလားဒေ့ရှ်အထူးကွန်မင်ဒိုတပ်နဲ့ အမေရိကန်ပစိဖိတ်စစ်ဌာနချုပ်လက်အောက်ရှိ နီဗားဒါးပြည်နယ်စောင့်တပ်လည်း ပါဝင်ပြီး ဇူလိုင်လ ၂၅ ရက်နေ့မှဇူလိုင် လ ၃၀ ရက်နေ့ထိ ခြောက်ရက်ကြာပြု လုပ်မှာဖြစ်ပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန် နီဗားဒါးပြည်နယ်အစောင့်တပ်မှတပ်ဖွဲ့ဝင် ၆၆ဦးနဲ့ ဘင်္ဂလားဒေ့ရှ်ကွန်မင်ဒိုတပ်မှတပ်ဖွဲ့ဝင် ၁၀၀ ပါဝင်တယ်လို့ဆိုပါတယ်။