Border News Agency
ကျောက်မဲ၊ ဇူလိုင် ၃၁။
ကျောက်မဲမြို့နယ်ကို စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်လို့ သံဃာတော်တပါးပျံလွန်တော်မူသွားခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ဇူလိုင်လ ၃၁ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာကိုဇူလိုင် ၃၀ ရက်နေ့က စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားတာမရှိပဲ လက်နက်ကြီးဆယ့်ငါးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ရွာအနီးဘုန်းကြီးကျောင်းပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တာမို့ သံဃာတော်တပါးပျံလွန်တော်မူသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် နောင်ချိုမြို့နယ်၊ဟိုခိုကျေးရွာကိုလည်း စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်လို့ အသက်ငါးဆယ်အရွယ် ဒေါ်မာသိန်းချို ဒဏ်ရာရသွားပြီး နေအိမ်နှစ်လုံးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
ဟိုခိုကျေးရွာကို ဇူလိုင်လ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရသွားပြီး နေအိမ်တအိမ်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုတယ်လို့ ဆိုပါတယ်။