Border News Agency
စစ်တွေ၊ ဩဂုတ် ၈။
စစ်တွေမြို့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နဲ့ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို စစ်ဆေးဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေပြီးအရပ်သားသုံးဆယ်ခန့်ထိဖမ်းဆီခံရတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်တွေမြို့နယ်ရှိ ရှေ့တန်းကာကင်းတွေကို လက်နက်၊အ င်အားအလုံးအရင်းဖြည့်တင်းထားပြီး မြို့တွင်းမှာတင်းကြပ်တဲ့စစ်ဆေး၊ဖမ်း ဆီးမှုတွေလုပ်နေတာလို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။
“အစစ်အဆေးကြမ်းနေတာတပတ်လောက်ရှိပြီ။ လဗွီ(ALP)ကကောင်တွေ ပိုဆိုးတယ်။စစ်တပ်လည်းပါတယ်။နေ့တိုင်းအိမ်တွေကိုလိုက်စစ်၊ဘုန်းကြီး ကျောင်းတွေ လိုက်စစ်ပြီးဖမ်းနေတာ။” လို့ စစ်တွေမြို့ခံတဦးက Border News Agency ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စက်ရုံစု၊ မင်းဂံ၊ အနောက်စံပြနဲ့ စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဘုန်းတော်ကြီးကျောင်းတွေက ပြည်သူတွေကို ဖမ်းဆီးနေတာလို့ ဆိုကြပါတယ်။
Border News Agency က မေးမြန်းစုဆောင်းထားတဲ့အချက်အလက်တွေအရဩဂုတ်လ ၁ ရက်ကနေ ဒီနေ့ထိဖမ်းဆီးခံရသူ သုံးဆယ်ထက်မနည်းရှိပြီး အဲဒီအထဲမှာ ကိုယ်ဝန်ဆောင်အမျိုး သမီးနဲ့သက်ကြီးအမျိုးသားတွေလည်း ပါဝင်တာတွေ့ရပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP)တပ်ဖွဲ့ဝင်တွေဟာ နေ့ စဉ်နေ့တိုင်းလူနေရပ်ကွက်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ဝင်ရောက်စစ်ဆေးမှုတွေလုပ်နေပြီး ပိုဆိုးလာတယ်လို့ ဆိုကြပါတယ်။
“လက်နက်ကြီးလည်းနေ့တိုင်းပစ်တယ်။ အခု၊ ငတ်လို့ပူရတာတမျိုး၊ခွေးတွေလာဖမ်းမှာ ကြောက်ရတာတမျိုး၊ကျွန် မတို့ဘ၀က ဘာနဲ့တူလဲဆိုရင်ငတ်ရင်လည်း သေမယ်။သူတို့လာဖမ်းသွားရင်ပါသွားမယ်။ဘာမှမတတ်နိုင်တဲ့ဘ၀တွေပါ။” လို့ စစ်တွေမြို့ခံတဦးက Border News Agency ကို ပြောပါတယ်။
အရပ်သားပြည်သူတွေကို မြို့တွင်းထဲပိတ်လှောင်ထားပြီး ဖမ်းဆီးမှုတွေလုပ်နေတာဟာလူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်တွေမြို့နယ်ရှိ ကျေးရွာအားလုံးနီးပါးမှ ပြည်သူတွေကို မြို့တွင်းထဲသို့ အတင်းအဓမ္မသွင်းကာပိတ်လှောင်ထားခဲ့တာပါ။
အဲဒီရွာတွေမှာ စစ်ကောင်စီတပ်က စစ်စခန်းတွေချနေထိုင်ခဲ့ပြီး စစ်အင်အား တိုးချထားတယ်လို့ ဆိုကြပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းမှာ စစ်တွေမြို့နယ်အတွင်းရှိ ရှေ့တန်းစစ်စခန်းတွေဆီ လက်နက်၊အ င်အားအလုံးအရင်းဖြည့်တင်းခဲ့ပြီး စစ်တွေအခြေစိုက်စစ်ကောင်စီတပ်ရင်းတွေမှ မြို့အနီးတဝိုက် ကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
အဲဒီအပြင်စစ်တွေမြို့နယ်နဲ့နယ်မြေချင်းထိစပ်နေတဲ့ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်ရှိ ကျေးရွာတွေကိုလည်း လက်နက်ကြီး၊ဒရုန်းတွေနဲ့ပစ်ခတ်တာတွေဆက်တိုက်လုပ်နေတယ်လို့ ဆိုကြပါတယ်။
အဲဒီလိုပစ်ခတ်မှုကြောင့် ထိခိုက်ရတဲ့အရပ်သားပြည်သူတွေရှိနေပြီး လူနေအိမ်အများအပြားလည်း ပျက်စီးနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်တွေမြို့မှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်တွေ အဆမတန်စျေးတက်ပြီးအခြေခံလက်လုပ်လက်စားတွေမှာ အလုပ်မရှိ၊အကူအညီအထော က်အပံ့တွေမရကြတာကြောင့် စားဝတ် နေရေး အခက်အခဲကြုံနေကြရတာမို့ မိသားစုလိုက်အဆုံးစီရင်မှုတွေပါရှိလာနေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
Comments 1
With thanks. Loads of conception!
can i buy cheap flexeril without dr prescription