Border News Agency
ကျောက်ဖြူ၊ သြဂုတ် ၉။
ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရွာအထ က်တန်းကျောင်းနဲ့ဘုန်းကြီးကျောင်းကို ဩဂုတ်လ ၈ ရက်နေ့၊ ည ၁၁ နာရီကျော်အချိန်ခန်မှာ စစ်ကော်မရှင်က နှစ်ကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်လို့စာသင်ကျောင်းဆောင်တခုလုံးပျက်စီးသွားခဲ့သလို ဘုန်းကြီးကျောင်းဓမ္မာရုံလည်းပျက်စီးသွားခဲ့ပါတယ်။
အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့မြို့နယ်အားလုံးကို စစ်ကော်မရှင်က စစ်အု ပ်ချုပ်ရေးကြေညာထားသလို စစ်ကော် မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်နဲ့စစ်ကော်မရှင်တပ်ကြား နှစ်ဘက်ထိတွေ့တိုက်ပွဲတွေပြင်းထန်းနေပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ အာရက္ခတပ်တော်ဆီမှာလက်နက်ချအလင်းဝင်တာတွေရှိနေကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်ရှိ လူနေကျေးရွာတွေ၊ကျန်းမာရေး၊ပညာရေး၊ ဘာသာရေးစတဲ့အဆောက်အအုံတွေကို စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာတွေ မကြာခဏပြုလုပ်နေပါတယ်။