Border News Agency
ကျောက်တော်၊ သြဂုတ် ၁၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့နယ်စပ်မြို့နယ်တွေမှာ အိမ်နီးချင်းနို င်ငံတွေက ငွေတွေကို အသုံးပြုမှုများနေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
မောင်တော၊ဘူးသီးတောင်စတဲ့မြို့နယ်တွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးတာကာငွေကို အသုံးပြုနေကြတာဖြစ်ပြီး ကျောက်တော်မြို့နယ်မှာတော့ အိန္ဒိယနိုင်ငံသုံး ရူပီငွေကို အသုံးပြုနေကြတာဖြစ်ပါတယ်။
အဲဒီလိုအသုံးပြုမှုများလာတာဟာ မြန် မာကျပ်ငွေတွေ ငွေသားရှားပါးလာပြီးဟောင်းနွမ်းစုပ်ပြဲငွေသားတွေကို လက် ခံအသုံးပြုသုံးနည်းပါးတာလာမို့ အစားထိုးအသုံးပြုလာကြတာလို့ ပြည်သူတွေက ဆိုကြပါတယ်။
“ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနိုင်ငံရဲ့နယ်စပ်တွေမှာတော့ အသုံးပြုနေကြပါပြီ။မြန် မာငွေကြေးကိုမကိုင်ကြတော့ပါဘူး။ တချို့တော့အသုံးပြုနေကြသေးတာတွေ့ရပါတယ်။မြန်မာငွေက ငွေသားရှားလို့ ဟောင်းနွမ်းငွေတွေဆို အသုံးမရတော့ နိုင်ငံခြားငွေသုံးတာလည်း အဆင်ပြေပါတယ်။” လို့ ကျောက်တော်မြို့နယ်မှ ကုန်သည်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး တာကာငွေတရာကို မြန်မာငွေကျပ်တထောင့်ခုနှစ်ရာနှစ်ဆယ့်လေးကျပ်ရှိပြီးအိန္ဒိယနိုင်ငံသုံးရူပီးငွေတရာကို မြန်မာငွေ လေးထောင်ရှစ်ရာခုနှစ်ဆယ်ကျပ်ရှိတယ်လို့ဆိုကြပါတယ်။
ဒါပေမယ့် အဲဒီအိမ်နီးချင်းနိုင်ငံသုံးငွေကြေးတွေကို မြို့ပေါ်နေရာအားလုံးမှာကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုကြသေးဘဲ ကုန်သည်တွေ၊စျေးသည်တွေ၊စျေးဆိုင်တချို့မှာသာအသုံးပြုနေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခစစ်ပွဲစတင်ပြီးနောက် စစ်ကော် မရှင်က လျှပ်စစ်မီး၊ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေဖြတ်တောက်လိုက်သလိုဘဏ်စနစ်တွေလည်း အားလုံးရပ်တန့်သွားခဲ့ပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော်ထိန်းချု ပ်နယ်မြေတွေမှာ မြန်မာကျပ်ငွေတွေဟာ ငွေသားရှားပါးမှုတွေဖြစ်လာခဲ့သ လို အွန်လိုင်းငွေကြေးစီးဆင်းမှုတွေလည်းခက်ခဲသွားခဲ့ပါတယ်။
အဲဒါကြောင့် မြန်မာကျပ်ငွေရှားပါးမှုပြ ဿနာကိုဖြေရှင်းဖို့ ဟောင်းနွမ်းစုပ်ပြဲငွေစက္ကူတွေကို အသုံးပြုနေခဲ့ကြရပေမယ့် ဟောင်းနွမ်းစွန်းထင်းစုတ်ပြဲငွေ စက္ကူတွေကို လက်မခံအသုံးမပြုတာတွေဖြစ်လာခဲ့ကြပါတယ်။
အဲဒါကြောင့် ရောင်းဝယ်ဖောက်ကားငွေသားအသုံးပြုမှုအခက်အခဲတွေကြုံ တွေ့နေကြရတာမို့ တာဝန်ရှိသူတွေဖြေရှင်းပေးကြစေချင်တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
“ကုန်သည်တွေက ငွေအရမ်းရွေးပါတ ယ်။တခါတလေအဆင်မပြေတာရှိပါတ ယ်။ကျွန်တော်တို့က အတတ်နိုင်ဆုံးအ ကောင်းပဲပေးပါတယ်။စုတ်ပြဲနေတာက အသုံးမဝင်ဘူးဆိုရင်တောင် လက်ခံပါတယ်။ဟောင်းနွမ်းစွန်းထင်းနေတာတွေအသုံးမဝင်ဘူးပြောတာကို လက်မခံချ င်စရာပါ။ကျွန်တော်ကတော့ နားလည်မှုနဲ့ယူစေချင်ပါတယ်။ဈေးတွေမှာလည်း တာဝန်ရှိသူတွေက စွန်းထင်းဟောင်း နွမ်းငွေတွေကို လက်ခံဖို့သတိပေးပါတယ်။ အဲဒီအချိန်ခဏတော့လက်ခံကြပါတယ်။ပြီးရင်ဒုံးရင်းကဒုံးရင်းပါပဲ။ အဲဒါက အလုပ်မဖြစ်ပါဘူး။အလုပ်ဖြ စ်အောင်တာဝန်ရှိသူတွေအနေနဲ့ထိထိရောက်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။” လို့ ကျောက်တော်မြို့နယ်မှ ငွေလွှဲငွေထုတ်လုပ်ကိုင်နေသူတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီဟောင်းနွမ်းငွေစက္ကူတွေကို လက် မခံအသုံးမပြုကြတော့တာဟာ အခြေ ခံလူတန်းစားတွေ၊နေ့စားအလုပ်သမားပြည်သူတွေအပေါ်အများကြီးအကျိုးသက်ရောက်မှုရှိနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
သူတို့ရဲ့စားဝတ်နေရေးအတွက် တနေ့လုပ်အားခကျပ်တသောင်းခန့်မှာ ဟော င်းနွမ်းစွန်းထင်းစုတ်ပြဲငွေစက္ကူတွေပါလာရင် စျေးဝယ်မရတော့တာမို့ စားဝ တ်နေရေးအခက်အခဲတွေကို ကြုံတွေ့ရ င်ဆိုင်နေကြရတယ်လို့ ဆိုကြပါတယ်။
“ကျမက နေ့စားလုပ်တာပါ။ မြို့ထဲမှာ အကြော်လိုက်ရောင်းတာပါ။တခါတလေဆို သတိမထားမိရင် စွန်းထင်းငွေတွေပါလာလို့ ပြန်အသုံးပြုတဲ့အခါ အ သုံးမဝင်တာနဲ့ကြုံရပါတယ်။အဲဒါမျိုးကအခက်အခဲဖြစ်ပါတယ်။” လို့ ကျောက်တော်မြို့မှအကြော်ရောင်းသူအမျိုး သမီးတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်ဟာ အာရက္ခ-ဘင်္ဂလားဒေ့ရှ်၊အာရက္ခ-အိန္ဒိယနယ်စပ်ကို သိမ်းပိုက်ထိန်းချုပ်ထားတာမို့ အိမ်နီးချ င်းနိုင်ငံတွေက ကုန်စည်စီးဆင်းမှုတွေရှိနေပြီး အဲဒီနိုင်ငံသုံးငွေကြေးတွေကိုကုန်သည်တွေ၊စျေးသည်တွေ၊ဆေးသွားကုသူတွေ၊အလည်အပတ်သွားကြသူတွေ အသုံးပြုနေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအိမ်နီးချင်းနိုင်ငံသုံးငွေကြေးတွေဟာ နေ့စဥ်စျေးအတက်အကျရှိနေပြီးနယ်စပ်ဒေသတွေ၊နယ်စပ်မြို့တွေမှာအ ဓိကအသုံးပြုနေကြသလို ငွေကြေးလှဲ့လှယ်ဝန်ဆောင်မှုပေးနေကြသူတွေလ ည်းရှိနေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
Comments 1
https://geffest.blogspot.com/2025/05/blog-post.html