Border News Agency
မြောက်ဦး၊သြဂုတ် ၁၁။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာ သားဖွားသင်တန်းကျောင်းဖွင့်မယ်လို့ သြဂုတ်လ ၁၁ ရက်၊ဒီနေ့ အာရက္ခတပ်တော်(AA)က အတည်ပြုပြောပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ULA/AA ရဲ့ ဆယ်ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာပြောတာပါ။
အဲဒီသင်တန်းတက်ရောက်မယ့်သူတွေဟာ ဒီလအတွင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အုပ်ချုပ်ရေး၊ကျန်း မာရေးဌာနတွေမှာ ဆက်သွယ်စုံစမ်းနိုင််တယ်လို့ ဆိုပါတယ်။
“ကျန်းမာရေးဝန်ထမ်းသစ်တွေကိုခေါ်ပြီးတော့ ပြည်သူ့ကျန်းမာရေးကဏ္ဍတွေကို ပိုပြီးလည်ပတ်နိုင်ဖို့ ကြိုးစားနေပါတယ်။သူနာပြုသင်တန်း၊ပြည်သူ့ကျန်းမာရေးသင်တန်းတွေကို ဖွင့်ထားပြီးဖြစ်ပါတယ်။ခုသားဖွားသင်တန်းကျောင်းကိုလည်း ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။” လို့ အာရက္ခတပ်တော်ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတ ယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာ ပြည်သူ့ကျန်းမာရေးကြီးကြပ် ၂ သင် တန်းသားတွေကို သင်တန်းပေးနေပြီးသင်တန်းပြီးသွားရင် လိုအပ်တဲ့နေရာတွေမှာ တာဝန်ပေးခန့်သွားမယ်လို့ဆိုပါတယ်။
အဲဒီသင်တန်းမှာ ဆရာ၊ဆရာမ တဆယ့်ခုနှစ်ဦးဟာ ဘာသာရပ်ခြောက်ခုကိုသင်တန်းသားတရာခန့်အား သင်ကြားပေးနေတာလို့ ဆိုပါတယ်။
အဲဒီအာရက္ခပြည်သူ့ကျန်းမာရေးဝန် ဆောင်မှုတွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ဆရာဝန်တွေ၊ကျန်းမာရေးဝန်ထ မ်းတွေကိုလည်း အသိမှတ်ပြုတန်ဖိုးထားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နောက်ထပ်ပညာရှင်တွေ၊ကျန်းမာရေးဝန်ထမ်းတွေကို တာဝန်ထမ်းဆောင်ကြဖို့ဖိတ်ခေါ်ထားပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို အချိန်မှီအကောင်အထည်ဖော်ဆောင်ရွက်ဖို့နဲ့ အာရက္ခပြည်သူတိုင်းလက်လှမ်းမိီသလောက် ကျန်းမာရေးဆိုင်ရာသင်တန်းတွေ ပေးနေတယ်လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဇူလိုင်လ ၁၁ ရက်ထုတ်ပြန်ခဲ့ပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာ လူအရင်းအမြစ်တွေလိုအပ်နေပေမယ့် အာရက္ခပြည်တွင်းက ဆေးဖက်ဆိုင်ရာဝန်ထမ်းတွေအပြင် ပြည်ပဖက်က ရောက်လာကြတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ အတူတကွပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
ဆေးဖက်ဆိုင်ရာဝန်ထမ်းတွေလိုအပ်နေသေးတာမို့ ဆေးဖက်ဆိုင်ရာဝန်ထ မ်းဘယ်လူမျိုးကိုမဆို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆော င်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။