Border News Agency
နေပြည်တော်၊ သြဂုတ် ၁၅။
စစ်ကော်မရှင်ဦးဆောင်ပြီးလာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၁၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး၊ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒန ယ်မြေတွေဖြစ်ပါတယ်။
အဲဒီမဲဆန္ဒနယ်တွေထဲမှာပြည်သူ့လွှတ် တော်မဲဆန္ဒနယ် ၃၃၀ကို မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)နဲ့ ကျင်းပမယ်လို့ ဆိုပါတယ်။
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာတော့ မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP)မဲဆန္ဒနယ် ၈၄ နေရာ၊ အချိုးကျ ကိုယ်စားပြုစနစ်(PR)မဲဆန္ဒနယ် ၂၆ နေရာ၊စုစုပေါင်းမဲဆန္ဒနယ် ၁၁၀ ဖြစ်ပါတယ်။
တိုင်းဒေသကြီး (ဒါမှမဟုတ်)ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်မှာ မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)၃၂၂ နယ်နဲ့အ ချိုးကျကိုယ်စားပြုစနစ်(PR)မဲဆန္ဒန ယ် ၄၂ နေရာ၊စုစုပေါင်း မဲဆန္ဒနယ် ၃၆ ၄ နေရာဖြစ်ပါတယ်။
တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူ မျိုးမဲဆန္ဒနယ် ၂၉ နေရာပါဝင်ပါတယ်။
အဲဒီမဲဆန္ဒနယ်မြေသတ်မှတ်ထုတ်ပြန်ချက်တွေ၊လွှတ်တော်အလိုက်မဲဆန္ဒ နယ်တွေမှာပါဝင်တဲ့ နယ်မြေစာရင် အညသေးစိတ်ကိုတော့ နေ့စဉ်သတင်းစာတွေမှာ ထည့်သွင်းဖော်ပြပေးသွားမယ်ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါတဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထားပြီး စစ်တွေ၊ကျောက် ဖြူ၊မာန်အောင် သုံးမြို့နယ်ကိုသာ စစ်ကော်မရှင်က ထိန်းချုပ်ထားပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးမှာ စစ်ကော်မရှင်ပြုလုပ်မယ့်ရွေးကောက်ပွဲကို ခွင့်မပြုဘူးလို့ အာရက္ခတပ်တော်က တရားဝင်ပြောဆိုထားပါတယ်။
ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌဟောင်းဒေါက်တာအေးမောင်ဦးဆောင်တဲ့ရခိုင့်ဦးဆောင်ပါတီ(AFP)အပါအဝ င် ရခိုင်အခြေစိုက်ပါတီခြောက်ခုထိမှ တ်ပုံတင်ထားကြပေမယ့်ပြည်သူလူထုကိုကိုယ်စားမပြုကြဘူးလို့ ပြည်သူတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်လက်အောက်ခံရခိုင်ပြ ည်နယ်အမျိုးသားအင်အားစုပါတီ(RS NUP)၊ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊မြိုတိုင်းရင်းသားပါတီ၊မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ(MNDP) အပါအဝင် ရခိုင်အမျိုးသားပါတီ(AN P)ရဲ့ကျောက်ဖြူအမတ်ဟောင်းဦးဘရှိန်ဦးဆောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ(RNP)ကို စစ်ကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုထားပါတယ်။