Border News Agency
မြောက်ဦး၊ သြဂုတ် ၁၅။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ဟောင်းနွမ်းငွေစက္ကူတွေကို လက်မခံရင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ အရေးယူမယ်လို့ သြဂုတ်လ ၁၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အာရက္ခဒေသမှာမြန်မာငွေစက္ကူတရာကျပ်၊ နှစ်ရာကျပ်၊ ငါးရာကျပ်၊ တထောင်ကျပ်၊ ငါးထောင်ကျပ်၊ တသောင်းကျပ် စတဲ့ဟောင်းနွမ်းငွေစက္ကူတွေကိုလက်မခံတာ၊ အသုံးပြုလို့မရတာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့်ငွေစက္ကူရှားပါးမူတွေကို ရင်ဆိုင်နေရပြီး ပြည်သူတွေရဲ့အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဟောင်းနွမ်းငွေစက္ကူတွေကို အသုံးပြုဖို့လိုအပ်တယ်လို့ ဆိုပါတယ်။
ပြည်သူတွေကြား အရောင်းအဝယ်ပြု လုပ်ရာမှာ အလွန်တရာစုပ်ပြဲနေတဲ့ငွေ စက္ကူတွေမဟုတ်ပဲ သာမာန်ဟောင်းနွ မ်းနေတဲ့ငွေစက္ကူတွေ၊ထင်သာမြင်သာ၊အစစ်အမှန်ငွေစက္ကူတွေကို အသုံးပြုရမယ်လို့ ဆိုပါတယ်။
“ကုန်သည်တွေက ငွေအရမ်းရွေးပါတ ယ်။တခါတလေအဆင်မပြေတာရှိပါတ ယ်။ကျွန်တော်တို့က အတတ်နိုင်ဆုံးအ ကောင်းပဲပေးပါတယ်။စုတ်ပြဲနေတာက အသုံးမဝင်ဘူးဆိုရင်တောင် လက်ခံပါတယ်။ဟောင်းနွမ်းစွန်းထင်းနေတာတွေအသုံးမဝင်ဘူးပြောတာကို လက်မခံချ င်စရာပါ။ကျွန်တော်ကတော့ နားလည်မှုနဲ့ယူစေချင်ပါတယ်။ဈေးတွေမှာလည်း တာဝန်ရှိသူတွေက စွန်းထင်းဟောင်း နွမ်းငွေတွေကို လက်ခံဖို့သတိပေးပါတယ်။” လို့ ကျောက်တော်မြို့နယ်မှ ငွေလွှဲငွေထုတ်လုပ်ကိုင်နေသူတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခစစ်ပွဲစတင်ပြီးနောက် စစ်ကော် မရှင်က လျှပ်စစ်မီး၊ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေဖြတ်တောက်လိုက်သလိုဘဏ်စနစ်တွေလည်း အားလုံးရပ်တန့်သွားခဲ့ပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော်ထိန်းချု ပ်နယ်မြေတွေမှာ မြန်မာကျပ်ငွေတွေဟာ ငွေသားရှားပါးမှုတွေဖြစ်လာခဲ့သ လို အွန်လိုင်းငွေကြေးစီးဆင်းမှုတွေလ ည်းခက်ခဲသွားခဲ့ပါတယ်။
အဲဒါကြောင့် မြန်မာကျပ်ငွေရှားပါးမှုပြ ဿနာကိုဖြေရှင်းဖို့ ဟောင်းနွမ်းစုပ်ပြဲငွေစက္ကူတွေကို အသုံးပြုကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖြေရှ င်းတောင်ရွက်ပေးတာဖြစ်ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ သာမန်ဟောင်းနွမ်းငွေစက္ကူတွေ၊ငွေစက္ကူအစစ်တွေကိုလက်ခံသုံးစွဲကြဖို့လိုအပ်တယ်လို့ ဆိုပါတယ်။
အဲဒီဟောင်းနွမ်းငွေစက္ကူတွေကို လက်ခံအသုံးမပြုကြဘဲ ငြင်းဆန်သူတွေကို နီးစပ်ရာ မြို့နယ်အုပ်ချုပ်ရေးရုံး၊မြို့ နယ်စည်ပင်သာယာရေးရုံတွေမှာ သွား ရောက်တိုင်ကြားနိုင်တယ်လို့ဆိုပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝ င်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိ မ်းပိုက်ထားပြီး အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။