Border News Agency
မကွေး၊ ဩဂုတ် ၁၆။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်းတက်ကျေးရွာအနီးတိုက်ပွဲမှာ အာရက္ခတပ်တော်က တိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဆယ်ထိသေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်မှ သြဂုတ်လ ၁၅ ရက်နေ့ကရုပ်သံမှတ်တမ်းနဲ့ထုတ်ပြန်ပါတယ်။
အဲဒီငဖဲမြို့နယ်၊စွန်တက်ကျေးရွာအနီးမှာ သြဂုတ်လ ၁၄ ရက်၊နေ့လည် ၂နာရီ ၅၃ မိနစ်အချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကော်မရှင်ဖက်တပ်ဖွဲ့ဝင်အလောင်းနှစ်ဆယ်နဲ့လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်ရဲ့တပ်မ ၉၉ လက်အောက်ခံတပ်တွေက အာရက္ခတပ်တော် တပ်ဖွဲ့တွေရှိရာကို ထိုးစစ်ဆင်လာတာကြောင့် မိနစ် ၃၀ ခန့်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
အာရက္ခမကွေး၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအစပ်တွေမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ အာရက္ခတပ်တော်ကြားတိုက်ပွဲတွေ တနှစ်နဲ့ကိုးလကျော်ကြာတဲ့ထိ ရပ်တန့်တာမရှိသေးဘဲ ဆက်ဖြစ်နေတယ်လို့ဆိုပါတယ်။
စစ်ရေး၊နိုင်ငံရေးနဲ့နိုင်ငံတကာစာမျက် နှာတွေမှာရှူံးနေတဲ့စစ်ကော်မရှင်တပ်မှထွက်ပြေးနေကြသူတွေကို အာရက္ခတပ်တော်မှ ဆက်ပြီးတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း ခုခံစစ်၊ထိုးစစ်၊ လှုပ်ရှားစစ်၊ ရွေ့လျားစစ်တွေနဲ့အတူ ဟန်ချက်ညီတိုက်ပွဲတွေမှတဆင့် စစ်ရေးရည်မှန်းချက်တွေကို အပြည့်အဝအ ကောင်အထည်ဖော်နေတယ်လို့ဆိုပါတယ်။
Comments 1
Thanks for sharing. It’s top quality. http://www.predictive-datascience.com/forum/member.php?action=profile&uid=44947