Border News Agency
ကျောက်ဖြူ၊ သြဂုတ် ၁၆။
ကျောက်ဖြူမြို့နယ်မှာ ဩဂုတ်လ ၁၄ ရက်၊ မနေ့ကစစ်ကော်မရှင်ရေတပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးသေဆုံးသွားတယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။
ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာဟောင်းက အသက်လေးဆယ်အရွယ်ဦးခင်မောင်ချစ်ဟာသြဂုတ်လ ၁၄ရက်၊ ညနေ ၈ နာရီအချိန်ခန့်က စစ်ကော်မရှင်ရေတ ပ်ကပစ်လိုက်တဲ့လက်နက်ကြီးဟာ သူ့တဲအနီးမှာကျရောက်ကွဲပြီးသေသွားတာလို့ ဆိုကြပါတယ်။
အဲဒီစစ်ကော်မရှင်ရေတပ်စစ်သင်္ဘောဟာ လိပ်ခမော်ရွာနဲ့ဂေါ်တူရွာကြားပင် လယ်ပြင်မှ လိပ်ခမော်ရွာဟောင်းကို လက်နက်ကြီးငါးလုံးပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီပစ်ခတ်လို့လိပ်ခမော်ရွာဟောင်းကရွာသားတွေပိုင်ဆိုင်တဲ့ နွားဆယ့်လေးကောင်လည်းသေဆုံးသွားခဲ့တယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်မှာအာရက္ခတ ပ်တော်နဲ့စစ်ကော်မရှင်တပ်ကြားထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကော်မရှ င်တပ်က စစ်သည်၊လက်နက်တွေဖြည့်တင်းနေတယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့် အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ နေ့စဥ်ရက်ဆက်ပြုလုပ်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင်အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီတပ်လေ ကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ မကြာခဏပြုလုပ်နေလို့ အရပ်သားပြည်သူတွေ သေဆုံး၊ဒဏ်ရာရနေကြပါတယ်။