Border News Agency
ကျောက်ဖြူ၊ သြဂုတ် ၁၇။
ကျောက်ဖြူမြို့နယ်မှာ သြဂုတ် ၁၆ ရ က်၊မနေ့က စစ်ကော်မရှင်တပ်က ဒရုန်းဗုံးပစ်ခတ်လို့ အရပ်သားပြည်သူနှစ်ဦးသေဆုံးပြီးငါးဦးဒဏ်ရာရသွားတယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။
ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာသစ်ကစစ်ဘေးရှောင်နေကြတဲ့အသက်ငါးဆယ်တနှစ်အရွယ်ဒေါ်မကျန်သိန်း၊အ သက်လေးဆယ့်ရှစ်နှစ်အရွယ်ဦးဇော်မြင့်အေးဟာ သြဂုတ်လ ၁၆ရက်နေ့က ဒရုန်းဗုံးပစ်ခံရပြီးသေဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။
အဲဒီအပြင်လိပ်ခမော်ရွာသစ်က အသ က်ခြောက်ဆယ့်ငါးနှစ်အရွယ်ဦးမောင်ဖြူအေး၊အသက်ငါးဆယ်နှစ်နှစ်အရွ ယ်ဦးဂျွန်ဆင်၊အသက်လေးဆယ်ရှစ်နှ စ်အရွယ်ဦးမောင်နိုင်ဝင်း၊ဂေါ်တူရွာဟောင်းကအသက်လေးဆယ်သုံးနှစ်အရွယ်ဦးခင်မောင်မြင့်၊အသက်နှစ်ဆယ်လေးနှစ်အရွယ်ကိုစိုးဝင်းနိုင်ဒဏ်ရာရသွားခဲ့ကြပါတယ်။
အဲဒီဒရုန်းဗုံးဟာဦးဇော်မြင့်အေးရဲ့ မျ က်နှာမှာထိမှန်ခဲ့သလိုဒေါ်မကျန်သိန်းရဲ့ လည်ပင်းမှာထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင်ဦးမောင်နိုင်ဝင်းရဲ့နောက် ကျော၊ဦးဂျွန်ဆင်ရဲ့ညာဘက်ခြေ ထောက်၊ညာဘက်လက်၊ဦးမောင်အေးဖြူရဲ့ဘယ်ဘက်လက်၊ဦးခင်မောင်မြင့်ရဲ့ဝမ်းဗိုက်၊ဘယ်ဘက်ပေါင်၊ဘယ်ဘ က်လက်၊ကိုစိုးဝင်းနိုင်ရဲ့ခြေထောက်မှာဒဏ်ရာရသွားကြတယ်လို့ ဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ဂေါ်တူရွာဟောင်းကို ဩဂုတ် ၁၆ ရက်နေ့၊ညနေက အမှတ် ၅၄၃ ခြေမြန်တပ်ရင်းမှလ က်နက်ကြီးပစ်ခတ်လို့ လူနေအိမ်တဆောင်ပျက်စီးခဲ့ပါတယ်။
နောက်ပြီးကျောက်ဖြူမြို့နယ်၊လိပ်ခမော်ရွာကို သြဂုတ် ၁၄ ရက်နေ့ကလည်း စစ်ကော်မရှင်ရေတပ်စစ်သင်္ဘောက လ က်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့လို့ အ သက်လေးဆယ်အရွယ်ဦးခင်မောင်ချစ် သေဆုံးသွားခဲ့ပါတယ်။
နောက်ပြီး ဒေသခံပြည်သူတွေရဲ့နွားတဆယ့်လေးကောင်လည်းသေဆုံးသွားပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်နဲ့စစ်ကော်မရှင်တပ်ကြား တိုက်ပွဲတွေအလွန်ပြင်းထန်နေတယ်လို့ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်က အာရက္ခတ ပ်တော်ဆုတ်ပေးလိုက်တဲ့နေရာတွေကိုအာရက္ခတပ်တော်ကပြန်လည်ထိုးစစ်ဆင်တိုက်နေသလို စစ်ကော်မရှင်တပ်ကလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ နှစ်ဘက်ထိတွေတိုက်ပွဲတွေအလွန်ပြင်းထန်နေတာပါ။
အဲဒီကျောက်ဖြူမြို့နယ်၊လိပ်ခမော်၊ ရွာသစ်၊ ပြင်ရှည်၊ နှမ်းဖဲတောင်၊မင်းတပ်တောင်၊ပျားတဲ၊သပြုတောင်၊ကပ်သေပြေ၊ရှောက်ချောင်း၊စည်မော်စတဲ့ကျေး ရွာတွေအနီးမှာ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေ အလွန်ပြင်းထန်နေတာပါ။
အဲဒီနေရာတွေကို စစ်ကော်မရှင်ရေတပ်က လက်နက်ကြီး၊ဒရုန်းပစ်ကူတွေအ များအပြားပေးနေသလို စစ်သည်အများအပြားသုံးခုခံနေတာမို့ အာရက္ခတ ပ်တော်ကလည်း အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။