Border News Agency
စစ်တွေ၊ သြဂုတ် ၁၈။
အာရက္ခတပ်တော်(AA)တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နေရာတွေကို ထိုးစစ်ဆင်ပြန်လည်သိမ်းယူဖို့ စစ်ကော်မရှင်တပ်က ရေတပ်အင်အားအများဆုံးဖြည့်တင်းထားပြီလို့ စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီရေတပ်အင်အားတွေကို စစ်တွေ၊ ကျောက်ဖြူ၊မာန်အောင် သုံးမြို့နယ်အပါအဝင် ဂွ၊ သံတွဲ၊ ရမ်းဗြဲ၊ ပေါက်တော၊ မောင်တောစတဲ့မြို့နယ်တွေအနီးပင်လ ယ်ပြင်တွမှာ တပ်ဖြန့်ချထားပြီးကင်း ထောက်တာတွေ နေ့စဥ်ပြုလုပ်နေတယ်လို့ ဆိုကြပါတယ်။
အဲဒီရေတပ်စစ်သင်္ဘောတွေကို စစ်တွေနဲ့ကျောက်ဖြူမှာအများဆုံးတပ်ဖြန့်ချထားပြီး ကျောက်ဖြူနဲ့ရမ်းဗြဲကြားပင်လယ်ပြင်မှာ ရေငုပ်စစ်သင်္ဘောတစင်းလည်းအဆင်သင့်ရှိနေတယ်လို့ စစ်ကော်မရှင်တပ်သိုင်းအဝိုင်းက ဆိုကြပါတယ်။
“စစ်တွေနဲ့ကျောက်ဖြူကို စစ်ကူ၊ ပစ်ကူပေးဖို့ ရေတပ်အင်အားကို အလုံအ လောက်ချထားပြီ။တချို့မြို့တွေကိုပြန်သိမ်းဖို့ရေတပ်ကပိတ်ဆို့ကင်းထောက်တာတွေနေ့တိုင်းလုပ်နေပြီ။ကြည်းရေလေပူးပေါင်းပြီးရေတပ်က ကမ်းတက်စစ်ဆင်ရေးတွေလုပ်မှာ။ ရေတပ်ကိုအဓိကထားပြီးထိုးစစ်ကြီးတွေလုပ်မှာ။” လို့စစ်ကော်မရှင်ရေတပ်အရာရှိတဦးက Border News Agency ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်တည်ရှိပြီး ပြည်နယ်စစ်ကော်မရှင်ရုံးစိုက်ထားတဲ့စစ်တွေမြို့န ယ်ပတ်ပတ်လည်ပင်လယ်ပြင်မှာ ရေ တပ်စစ်သင်္ဘောအများဆုံးတပ်ဖြန့်ချထားသလို ကင်းထောက်တာတွေ၊ ကင်းလှည့်တာတွေအဓိကပြုလုပ်နေတယ်လိို့ စစ်ကော်မရှင်ရေတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီစစ်တွေမြို့၊ပွိုင့်ကမ်းခြေအနီးရှိ အ မှတ် ၃ ဗျူဟာစစ်ရေယာဉ်စုကို အနော က်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်အဖြစ်တိုးမြင့်ထားသလို ဗိုလ်ချုပ်အဆင့်ရေတပ်အရာရှိကဦးဆောင်ကွပ်ကွဲနေပြီး အရာရှိစစ်သည်တထောင်နီးပါးထိအင်အားဖြည့်ထားတယ်လို့ စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီအမှတ် ၃ ဗျူဟာစစ်ရေယာဉ်စုကို စစ်တွေမြို့နယ်၊ရွှေမင်းဂံသို့ပြောင်းရွေ့တိုးဖွင့်လိုက်ပြီး စစ်ကော်မရှင်တပ်စစ် သည်ငါးရာထိအင်အားဖြည့်ထားသလိုရေတပ်စစ်သင်္ဘောကြီးတွေလည်း ထပ်ဖြည့်ထားတယ်လို့ ဆိုကြပါတယ်။
အဲဒီရေတပ်အထိုင်တပ်ရင်းတွေမှာဒရု န်းတပ်ဖွဲ့တွေ၊လက်နက်ကြီးတပ်ဖွဲ့တွေလည်းပါဝင်ပြီး ဒရုန်းနဲ့ကင်းထောက်တာတွေနေ့စဥ်ပြုလုပ်ကြသလို ဒရုန်းဗုံးချတာတွေ၊လက်နက်ကြီးပစ်ခတ်တာတွေလည်း ပြုလုပ်နေကြတယ်လို့ဆိုကြပါတယ်။
အဲဒီအနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာန ချုပ်မှာ စစ်ရေယာဥ်ကြီးငယ်သုံးဆယ့်ငါးစင်းသာရှိခဲ့ပေမယ့် အစင်းရေငါးဆ ယ်ထိအင်အားဖြည့်ထားသလို ဒရုန်းအထူးတပ်ဖွဲ့တွေ၊အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေပူးပေါင်းဖြည့်တင်းထားပြီး ကမ်း တက်စစ်ဆင်ရေးပြုလုပ်ဖို့ စစ်သည်၊လ က်နက်၊ရိက္ခာဖြည့်တင်းထားတယ်လို့စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
“နေဗီတွေက ဒရုန်းနဲ့ကင်းထောက်ပြီးလက်နက်ကြီးပစ်ကူအားကိုယူမယ်။က မ်းတက်စစ်ဆင်ရေးနဲ့တချို့မြို့တွေကိုပြန်သိမ်းမယ်။ကြည်းရေလေတန်ပြန်စစ်ဆင်ရေးလုပ်မယ်။ရေတပ်ကိုအဓိ ကထားပြီးကမ်းတက်စစ်ဆင်ရေးနဲ့ပြန်သိမ်းမယ်။ရေတပ်အင်အားကို အများဆုံးဖြည့်ထားတယ်။” လို့ အနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှရေတပ်အရာရှိတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာန ချုပ်၊ရွှေမင်းဂံအမှတ် ၃ ဗျူဟာစစ်ရေ ယာဉ်စုအပါအဝင်စစ်တွေမြို့နယ်ပတ်ပတ်လည်ပင်လယ်ပြင်၊စစ်တွေဒေသကွပ်ကွဲမှုစစ်ဌာနချုပ်လက်အောက်ခံတ ပ်တွေစုပေါင်းပြီး စစ်တွေမြို့နယ်ကုန်း၊ရေနှစ်ခုမှာစစ်ကော်မရှင်တပ်အင်အားတသောင်းကျော်ခန့်ထိဖြည့်တင်းထားပြီးလို့ Border News Agency က စုံစမ်းသိရှိရပါတယ်။
အဲဒီအပြင်ကျောက်ဖြူမြို့နယ်ရှိဓညဝတီရေတပ်ဌာနချုပ်အပါအဝင် ကျော က်ဖြူမြို့နယ်ပတ်ပတ်လည်ပင်လယ် ပြင်မှာလည်း ရေတပ်စစ်သင်္ဘောကြီး တွေ အင်အားထပ်ဖြည့်ထားသလို မာန် အောင်မြို့နယ်ရှိရေတပ်ဗျူဟာအပါ အဝင် မာန်အောင်မြို့နယ်ပတ်ပတ်လ ည်ပင်လယ်ပြင်မှာလည်း ရေတပ်စစ် သင်္ဘောကြီးတွေ အင်အားထပ်ဖြည့်ထားတယ်လို့ စစ်ကော်မရှင်တပ်အသို င်းအဝိုင်းက ဆိုကြပါတယ်။
နောက်ပြီး သံတွဲမြို့နယ်က ဆုတ်ခွာထွက်ပြေးလာကြပြီး မာန်အောင်မြို့နယ်နဲ့ရမ်းဗြဲမြို့နယ်ကြားပင်လယ်ပြင်မှာရေပြင်တပ်စွဲနေကြတဲ့ရေတပ်စစ်သင်္ဘောအုပ်စုထဲကတချို့ဟာ သံတွဲမြို့နယ်အ နီးပင်လယ်ပြင်သို့ ပြန်ပြောင်းကာ ကင်းထောက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် မောင်တောမြို့နယ်အနီးပင်လယ်ပြင်မှာလည်း ရေတပ်စစ်သင်္ဘောကြီးတွေထပ်တိုးအင်အားဖြည့်ထားပြီးကင်းထောက်တာတွေ၊ကင်းလှည့်တာတွေနေ့စဥ်ပြုလုပ်နေသလို ကမ်းတက်စစ်ဆင်ရေးပြုလုပ်ဖို့ စစ်သည်၊လက်န က်၊ရိက္ခာဖြည့်တင်းတာတွေပြုလုပ်နေတယ်လို့ ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေတပြိုင်းတည်းပြုလုပ်ဖို့ ကြိုတင်ပြင်ဆ င်မှုတွေပြုလုပ်နေသလို ရေပြင်၊ဝေဟ င်အသုံးပြုနိုင်ဖို့ အိမ်နီးချင်းနိုင်ငံတချို့ကိုလည်း သံတမန်ရေးအရဆက်ဆံပြီးသဘောတူညီမှုတွေရယူထားတာတွေရှိနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဆိုကြပါတယ်။
“လာမယ့်ရွေးကောက်ပွဲမတိုင်းခင်မှာစ စ်ကော်မရှင်တပ်က အေအေသိမ်းထားတဲ့နေရာတွေကို သွေးတိုးစမ်းထိုးစစ်ဆင်ကြည့်မှာသေချာနေပါတယ်။အေအေကဘယ်လောက်ပြင်ဆင်ထားပါသလဲ။ပြည်သူတွေကိုအသိပေးပြီးဘ ယ်လောက်ပြင်ဆင်ထားသလဲအပေါ်မူတည်ပါမယ်။ စစ်ကော်မရှင်းကရေတပ်ကိုအဓိကသုံးမှာသေချာပါတယ်။ အဲဒီအတွက် ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့သ ဘောတူညီမှုတွေယူထားပြီးလို့ခန့်မှန်းရပါတယ်။” လို့ နိုင်ငံရေးအကဲခတ်တဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်တချို့ကို စစ်ကော်မရှင်တပ်က ပြန်လည်ထိုးစစ်ဆင်သိမ်းယူဖို့အတွက်စစ်သည်၊လက်နက်၊ရိက္ခာဖြည့်တင်းတာတွေနေ့စဥ်ရက်ဆက်ပြုလုပ်နေပြီး ကြည်းရေလေပူးပေါင်းစစ်ဆင်ရေးထိုးစစ်အတွက် စစ်ကော်မရှင်တပ်ကအင်အားသုံးသောင်းထိဖြည့်တင်းထိုးစစ်ဆင်မယ်လို့ Border News Agency က စုံစမ်းသိရှိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒရုန်းကင်းထော က်၊လက်နက်ကြီးပစ်ကူယူပြီး မောင်တောမြို့နယ်ကို အဓိကပြန်လည်းထိုးစစ်ဆင်သိမ်းယူမှာဖြစ်သလို ကုလားတန်စီးမံကိန်းလမ်းကြောင်းတလျှောက်ရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပလက်ဝစတဲ့မြို့နယ်တွေကို ပြန်လည်သိမ်းယူဖို့ကြိုးစားပြင်ဆင်နေသလို သံတွဲမြို့နယ်ကိုလည်း ပြန်လည်သိမ်းယူဖို့ ပြင်ဆင်ထားပြီလို့ စစ်ကော်မရှင်တပ်အသိုင်းအ ဝိုင်းက အတည်ပြုပြောကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ မောင်တောခရိုင်ကို ပြန်လည်ထိုးစစ်ဆင်သိမ်းယူဖို့ ရိုဟ င်ဂျာအမည်ခံလက်နက်ကိုင်တွေကိုလ ည်းလက်နက်ထောက်ပံ့စည်းရုံးထားပြီဖြစ်သလို စစ်တွေမြို့နယ်မှာလည်း မွ တ်ဆလင်ဒုက္ခသည်သုံးထောင်နီးပါးကိုစစ်သင်တန်းပေးလက်နက်တပ်ဆင်ကာစစ်တွေမြို့နယ်ပင်လယ်ကမ်းနားတလျှောက်မှာလုံခြုံရေးယူခိုင်းထားပြီလို့စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အာရက္ခ-ဘင်္ဂလားနယ်စပ်တလျှောက်အပါအဝင် မောင်တောခရိုင်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားထောင်နဲ့ချီဝင်ရောက်လှုပ်ရှားနေကြပြီး စစ်ကော်မရှင်တပ်ကလည်း ဒရုန်းတွေ၊လေယာဥ်တွေနဲ့ကင်းထောက်သတင်းစုဆောင်းတာတွေ နေ့စဥ်လိုလိုပြုလုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက အတည်ပြုပြောကြပါတ ယ်။
စစ်ကော်မရှင်တပ်ဟာရွှေမင်းဂံအမှတ် ၃ ဗျူဟာစစ်ရေယာဉ်စုတပ်ရင်းနေရာအပါအဝင် စစ်တွေမြို့နယ်ကိုဝင်ရောက်လာနိုင်တဲ့ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်အနီးအနားနေရာအားလုံးမှာရေတပ်စစ်သင်္ဘောတွေ၊ အထိုင်ခုံစစ်တွေပြုလုပ်ပြီးအင်အားထောင်ချီဖြည့်တင်းခံစစ်ပြုလုပ်ထားပြီမို့ စစ်တွေမြို့နယ်ကို အာရက္ခတပ်တော်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ဖို့မလွယ်တော့ဘူးလို့ စစ်ကော်မရှင်တပ်အသိုင်း
အဝိုင်းက ဆိုကြပါတယ်။