Border News Agency
ကျောက်တော်၊ သြဂုတ် ၁၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ် မြေတွေမှာ စားကျက်မြေအသုံးပြုမှုနဲ့ပတ်သတ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီက လယ်ယာမြေစာရင်းတွေ ကောက်ယူနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
ကျောက်တော်မြို့နယ်ရှိကျေးရွာတွေမှာ သြဂုတ်လဆယ့်ငါးရက်နေ့ကစပြီး ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီမှ ရပ်ရွာအုပ်ချုပ်ရေးမှူးနေအိမ်သို့ တောင်သူတွေကိုခေါ်ပြီး စားကျက်မြေ၊ကျွဲနွားသွားလမ်းတွေနဲ့တိုးချဲ့လုပ်ကိုင်ထားတဲ့ လယ်ယာဧကစာရင်းတွေကောက်ယူခဲ့တယ်လို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။
“တောင်သူတွေကို ရွာကအုပ်ချုပ်ရေးမှူးအိမ်ကိုအစည်းအဝေးခေါ်ပြီးစာရင်းကောက်ယူသွားတာပါ။ အထက်ကစား ကျက်မြေစာရင်းတွေတောင်းနေလို့အ စည်းအဝေးခေါ်ပြီးတောင်းယူတာလို့ပြောပါတယ်။မြေယာစီမံခန့်ခွဲမှုကော် မတီက မြေပြင်ဆင်းပြီးလာကြည့်ဖို့ရှိတယ်လို့လည်းပြောပါတယ်။ လောလောဆယ်တော့ စာရင်းပဲကောက်ယူ သွားသေးတာပါ။” လို့ ကျောက်တော်မြို့ နယ်မှတောင်သူတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီလိုစာရင်းကောက်ယူတဲ့အခါစား ကျက်မြေဧကအပြင်တောင်သူလယ် သမားတဦးစီရဲ့လယ်ယာပိုင်ဆိုင်မှုတွေကိုလည်း စာရင်းကောက်ယူသွားတယ်လို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။
အဲဒီစာရင်းကောက်ယူမှုဟာ စားကျက် မြေတွေအားလုံးကို ပြန်လုပ်ခိုင်းဖို့မဟုတ်ဘဲ လယ်ယာအသုံးပြုခသတ်မှတ်ဖို့သွားနိုင်ခြေရှိတယ်လို့လည်း တောင်သူတွေက ဆိုကြပါတယ်။
“စားကျက်မြေတွေကို လှပ်ပေးရမယ်လို့တော့မထင်မိပါဘူး။အဲဒီမြေတွေကိုလုပ်ကိုင်ခွင့်ပြန်ပေးပါမယ်။ လုပ်ကိုင်နေတဲ့ဧကအလိုက်အာရက္ခတပ်တော်ကိုအခွန်ပေးဆောင်ရမယ်လို့တော့ ခန့်မှ န်းမိပါတယ်။လုံးဝလုပ်ကိုင်ခွင့်မပေးတော့ဘဲ အဲဒီမြေတွေကိုလှပ်ပေးရမယ်ဆိုရင် တောင်သူတွေအနေနဲ့ နှစ်ထပ်ကွင်းနစ်နာမှုရှိပါတယ်။ အာရက္ခတပ်တော်အနေနဲ့လည်း အာရက္ခပြည်က တောင်သူတွေကို ထိခိုက်နစ်နာအောင်လုပ်မယ်လို့တော့ မထင်မိပါဘူး။” လို့ အာရက္ခတောင်သူတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခဒေသကတောင်သူလယ်သမားတွေပိုင်ဆိုင်တဲ့ လယ်ယာမြေဧကတွေနည်းပါးတဲ့အတွက် မိသားစုစားဝတ်နေရေးဖုံလုံမှုမရှိလို့ မြေရိုင်း၊မြေလပ်တွေကို လယ်ယာမြေတွေအဖြစ်တိုးချဲ့ခုတ် ထွင်အသုံးပြုနေကြရတယ်လို့ တောင် သူလယ်သမားတွေက ဆိုကြပါတယ်။
အဲဒီအပြင် အာရက္ခဒေသက လယ်ယာလုပ်ငန်းဟာ စက်မှုလယ်ယာလုပ်ငန်းအဖြစ်သို့ တိုးတက်ပြောင်းလဲလာနေတဲ့အတွက်ကျွဲ၊နွားအသုံးပြုမှုနည်းပါးလာနေလို့ စားကျက်မြေတွေကို စားဝတ်နေရေးဖုံလုံဖို့အတွက်လျှောက်ထားပြီး အ သုံးပြုလာနေကြတယ်လို့ တောင်သူလ ယ်သမားတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတ ည်းက စစ်ကော်မရှင်က လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ထားတာမို့ ဆန်၊စပါးတွေ တင်ပို့ရောင်းမထွက်ကြလို့ တောင်သူလယ်သမားတွေ အခက်အခဲတွေကြုံတွေ့နေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့် စားကျက်မြေတွေ၊လယ် ယာမြေစာရင်းတွေကောက်ယူတာဟာ အခွန်အသစ်ကောက်မှာလားဆိုတဲ့စိုးရိ မ်မှုတွေရှိနေကြတယ်လို့ တောင်သူလ ယ်သမားတွေက ဆိုကြပါတယ်။
“စားကျက်မြေစာရင်းကောက်ယူမှုဟာ ဥပဒေထိန်းချုပ်မှုအတွက် လိုအပ်ချက်တခုတော့ဖြစ်ပါတယ်။လက်ရှိတိုက်ပွဲအတွင်း ရပ်ရွာတောင်သူတွေနေ့စဥ်ဘ ဝနဲ့အကျိုးသက်ရောက်မှုကိုသေချာသုံး သပ်ဖို့လည်းလိုပါတယ်။တောင်သူဘဝကို ပိုမိုအခက်အခဲဖြစ်စေမယ့် နည်းလ မ်းမျိုးမဟုတ်ဘဲ တိကျပြီးတရားမျှတတဲ့ စနစ်တခုလုပ်ဆောင်ဖို့တော့လိုပါတယ်။” လို့ အာရက္ခတောင်သူတဦးက Border News Agencyကို ပြောပါတ ယ်။
မြန်မာနိုင်ငံမှာ လယ်ယာမြေတွေ၊စား ကျက်မြေတွေကို လွတ်လပ်စွာအသုံး ပြုနိုင်ပေမယ့် အစိုးရပိုင်မြေအဖြစ် သတ်မှတ်ထားပါတယ်။
မြေယာစီမံခန့်ခွဲမှုဥပဒေ ၁၉၉၁ အရ စားကျက်မြေကို တောင်သူတွေအသုံး ချနိုင်ပေမယ့် တရားဝင်အသုံးပြုခွင့်စာ တမ်း(အသုံးပြုခွင့်တောင်းခံလွှာ)လျှော က်ထားရယူဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။
လယ်ယာမြေစီမန်ခန့်ခွဲမှုဥပဒေ ၂၀၁၂ နဲ့လယ်ယာမြေဥပဒေ ၂၀၁၂ အရလည်း တောင်သူတွေရဲ့လယ်ယာ၊ စားကျက်မြေအသုံးပြုမှုကို စာရင်းသွင်းထားဖို့၊အသုံးမပြုရင် သက်ဆိုင်ရာအာဏာပိုင်က ပြန်လည်လက်ခံဖို့ စည်းမျဥ်းချမှတ်ထားပါတယ်။
အဲဒီဥပဒေတွေထဲမှာ စားကျက်မြေကိုတိရစ္ဆာန်မွေးမြူရေးအတွက် သီးသန့်သုံးစွဲနိုင်ပေမယ့် အိမ်ဆောက်၊စိုက်ပျိုး ရေးမဟုတ်တဲ့ အသုံးပြုမှုအတွက် ပြန် လည်အရေးယူနိုင်တယ်လို့လည်း ဖော် ပြထားပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီမှပြီးခဲ့တဲ့မေလ၂၃ ရက်နေ့က ဥပဒေမဲ့လယ် ယာမြေအသုံးပြုတာ၊ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေတွေမှာတောင်သူတွေက ကျွဲ၊နွားသွားလမ်းတွေ၊စားကျက်မြေတွေ၊ လယ်ယာမြေတွေကို ဥပဒေနဲ့မညီဘဲ လယ်ယာမြေအဖြစ်ကျူးကျော်လုပ်ဆောင်မှုတွေရှိနေလို့ ဟန့်တားအရေး ယူတရားစွဲဆိုမယ်လို့ ဖော်ပြထားပါတယ်။