Border News Agency
စစ်ကိုင်း၊ သြဂုတ် ၁၈။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ကမ်းကြီးကျေးရွာရှိ မိုးကောင်းဘုန်းကြီးကျောင်းကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားငါးဦးသေဆုံးသွားတယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကသြဂုတ်လ ၁၈ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒီနေ့ နေ့လည် ၁နာရီ ၃၂ မိနစ်အချိန်က မိုးကောင်းဘုန်းကြီးကျောင်းကိုရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာလို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းအတွင်းနေထိုင်တဲ့ ကပ္ပိယနှစ်ဦး၊ကိုရင်ကြီးတပါး၊ ပြည်သူနှစ်ဦး၊ စုစုပေါင်းငါးဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဒဏ်ရာရသူတွေလည်းရှိနေပြီးကျောင်းဆောင်တွေလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။