စစ်တွေမြို့ပေါ်က စစ်ဘေးရှောင်တွေ အကူအညီတွေ လိုအပ်နေ

(ဓာတ်ပုံ – စစ်တွေမြို့မှစစ်ဘေးရှောင်စခန်းတခု / BNA)

By

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားဆဲစစ်တွေမြို့ပေါ်က စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအကူအညီတွေ လိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်တွေမရှိကြတာမို့ ပုံမှန်ဝင်ငွေမရှိကြသလို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလည်းမရကြဘူးလို့ ဆိုကြပါတယ်။

အဲဒါကြောင့် နေ့စဥ်ပုံမှန်စားဝတ်နေရေးအတွက် ထမင်းတောင်နပ်မှန်အောင်မစားရကြတော့ဘူးလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“မနက်စားရင်ညစာမစားရ၊ညစာစားရင် မနက်မစားရ။အဲလိုနေကြရတယ်။” လို့ စစ်တွေမြို့မှစစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို မြို့တွင်းထဲ အတင်းအဓမ္မသွင်းပြီး ပိတ်လှောင်ထားတာမို့စစ်တွေမြို့မှာ လူဦးရေသောင်းချီရှိနေသေးတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။

အဲဒီပြည်သူတွေဟာ ကုန်စျေးနှုန်းကြီးမြင့်တာ၊ အလုပ်မကိုင်မရှိတာ၊ အကူအညီတွေမရကြတော့တာမို့ အငတ်ဘေးနဲ့ ကြုံနေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“ထင်းစရိတ်တခုတည်း တရက်မှာငါးထောင်၊ ခြောက်ထောင်ကုန်တယ်။ ကယ်ဆယ်ရေးလည်းမရတော့ ငတ်နေတာပဲ။” လို့ စစ်တွေမြို့မှ စစ်ဘေးရှောင်
တဦးက Border News Agency ကိုပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ ဒေသကွက်ကဲမှုစစ်ဌာနချုပ်(ဒစက) အထိုင်ချထားပြီး အစိုးရအဖွဲ့ဝင်တွေနေထိုင်ကြတာမို့ စစ်တွေမြို့ကို အဝင်အထွက်ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မြို့တွင်းပိတ်လှောင်ခံထားရတဲ့ ပြည်သူတွေကတော့ စစ်ပွဲဖြစ်လာရင် ထိခိုက်လာမယ့်အရေးထက် လော လောဆယ်ကြုံနေရတဲ့ ငတ်မွတ်ဘေးကို ပိုကြောက်နေရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“တိုက်ပွဲထက် ငတ်ဖို့ကိုပဲ ကြောက်နေတယ်။” လို့ စစ်တွေမြို့မှ စစ်ဘေးရှောင် အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့အရပ်သားပြည်သူတွေ၊ဝန်ထမ်းတွေကို မြို့တွင်းထဲ ပိတ်လှောင်ထားတာဟာ တိုက်ပွဲဖြစ်လာခဲ့ရင် အကာအကွယ်ရအောင် လူသားဒိုင်းကာပြုလုပ်ထားတာဖြစ်တယ်လို့ ဆိုကြပါတယ်။

အဲဒါကြောင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုချိုးဖောက်ရာရောက်ပြီး စစ်ရာဇဝတ်မှုမြောက်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ် ရှားသူတွေက ထောက်ပြထားကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။

အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ရမယ့် စစ်တွေ၊ ကျောက်ဖြူ၊မာန်အောင်သုံးမြို့နယ်သာကျန်နေပြီး စစ်တွေနဲ့ကျောက်ဖြူမှာ နှစ်ဘက်စစ်ရေးတင်း မာနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here