အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားဆဲစစ်တွေမြို့ပေါ်မှာ အရပ်သားပြည်သူတချို့ဟာ ဧပြီလ ၁၄ ရက်နေ့မှဒီနေ့ထိသင်္ကြန်ပွဲတော်ကို ဆင်နွဲ့ခဲ့ကြပါတယ်။
အာရက္ခတပ်တော်(AA)နဲ့စစ်ကောင်စီတပ်ကြား နှစ်ဘက်စစ်ရေးတင်းမာနေကြပေမယ့် အာရက္ခတပ်တော်က ဧပြီ လ ၃၀ ရက်နေ့ထိ ယာယီအပစ်ရပ်ထားပါတယ်။
အဲဒါကြောင့် စစ်တွေမြို့မှာ အာရက္ခတပ်တော်ကပစ်ခတ်မှုတွေမရှိတာမို့ မြို့ပေါ်မှာ ပိတ်မိကျန်နေကြသေးသူတွေ၊ နေရပ်ပြန်လာကြသူတွေဟာ သင်္ကြန်ပွဲ တော်ကို အဆင်ပြေသလို စုဖွဲ့ကျင်းပနေကြတာဖြစ်ပါတယ်။
စစ်တွေမြို့မှာ နှစ်ဘက်စစ်ရေးတင်းမာနေကြပေမယ့် စစ်ဘေးရှောင်ထွက်ပြေးကြဖို့ အဆင်မပြေကြသူတွေကတော့ လမ်းလျှောက်တာတွေ၊စက်ဘီးတာတွေနဲ့မြို့ကို ပတ်သွားနေကြပါတယ်။
စစ်တွေမြို့ပေါ်မှာ ကျန်နေကြသူတွေက တော့ စစ်ရေးတင်းမာမှုတွေကြား စိုးရိမ်သောကတွေကို သင်္ကြန်ရေတွေနဲ့လော င်းချနေကြပါတယ်။