အင်တာဗျူး
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်း ချုပ်ထားထားတဲ့ မောင်တောမြို့နယ်၊ လေးမိုင်၊ အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ရင်းရှေ့နားမှာ စက်တင်ဘာလ ၂၈ ရက်နေ့က ကလေးငယ်တဦးပျောက်ဆုံးသွားခဲ့ပါတယ်။
အဲဒီမောင်တောမြို့နယ်၊ လေးမိုင်နေ အသက်ငါးဆယ်နှစ်အရွယ်ဦးအောင်စိုးလွင်နဲ့ အသက်သုံးဆယ်ခုနှစ်နှစ်အရွယ် ဒေါ်စန္ဒာဝင်းရဲ့သားအသက်ဆယ်နှစ်အရွယ်သုံးတန်းကျောင်းသားမောင်ဘုန်းမြတ်အောင်ကို စက်တင်ဘာလ ၂၉ ရက်၊ နေ့လည် ၁ နာရီ ၂၂ မိနစ်အချိန်မှာ အလောင်းကိုသာပြန်တွေ့ခဲ့ပါတယ်။
အဲဒီအလောင်းဟာ သူတို့နေအိမ်နဲ့ငါး အိမ်ခန့်အကွာရှိ မွတ်ဆလင်နေအိမ်ထဲမှာ အသတ်ခံထားရတဲ့ဒဏ်ရာတွေနဲ့ ဘောင်းဘီမပါဘဲတွေ့ရှိရတာလို့ မိသားစုဝင်တွေက ဆိုကြပါတယ်။
အဲဒီလိုကျူးလွန်သူကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စုံစမ်းဖော်ထုတ်အရေးယူပေးကြဖို့ မိဘအပါအဝင် မိသားစုဝင်တွေ၊ ကျေးရွာသားတွေ၊ မောင်တောဒေသခံတွေ၊ အာရက္ခပြည်သူတွေ တောင်းဆိုခဲ့ကြပါတယ်။
အဲဒီကလေးငယ်ကို သတ်ဖြတ်ခဲ့သူဟာအာရက္ခတပ်တော်ရဲ့တပ်ဖွဲ့ဝင် မိုင်းဆရာတဦးဖြစ်တယ်လို့ မိသားစုဝင်တွေက ဓာတ်ပုံ၊ မိဘနာမေ၊ မိဘနေရပ်လိပ်စာတွေနဲ့အတူ Border News Agency ကို ပေးပို့ထားပါတယ်။
ဒါပေမယ့် Border News Agency က အာရက္ခတပ်တော်(AA) ရဲ့ဂုဏ်သိက္ခာအတွက် ဓာတ်ပုံ၊ နာမေ၊ မိဘနေရပ်လိပ်စာတွေကိုမဖော်ပြခဲ့ကြခြင်းဖြစ်ပါတယ်။
အဲဒီအာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်၊နေလင်းထွန်းကို ပလက်ဝမြို့နယ်အတွ င်း ဆိုင်းဘုတ်ထောင်ဖမ်းဝရမ်းထုတ်ထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ တာဝန်ရှိလူကြီးတဦးက သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဧပြီလ ၂၁ ရက်၊ ဒီနေ့ထုတ်ပြန်အသိပေးလာတာကို တွေ့ရပါတယ်။
ဒါပေမယ့် မိသားစုဝင်တွေ၊ ဒေသခံပြည်သူတွေ၊ မျက်မြင်သက်သေတွေရဲ့ပြောဆိုချက်နဲ့ကွဲလွှဲမှုတွေရှိနေပါတယ်။
အဲဒါကြောင့် လူသတ်မှုကျူးလွန်ထားသူကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အများပြည်သူတွေရှေ့မှာအ ရေးယူပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။
အဲဒီကလေးအသတ်ခံရပြီးရက်ပိုင်းအ တွင်း Border News Agency ကလေးအသတ်ခံရပုံတွေ၊ ပြစ်မှုကျူးလွန်ထားသူလို့စွပ်စွဲခံထားရသူရဲ့အာရက္ခတပ်တော်ဝတ်စုံနဲ့ပုံ၊ မိဘတွေ၊ ရွာသားတွေ၊ မျက်မြင်တွေရဲ့အင်တာဗျူးအပြည့်အစုံကို လက်ခံရရှိထားခဲ့ပေမယ့် သတင်းတို၊ အင်တာဗျူးတိုအဖြစ်သာဖော်ပြခဲ့ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အုပ်ချုပ်ရေး၊ တရားစီရင်းလိုအပ်ချက်တွေအတွက် အချိန်ပေးစောင့်ကြည့်နေခဲ့သလို အာရက္ခတပ်တော်ရဲ့စစ်ရေးကိုမထိုခိုက်စေဖို့ ခြောက်လကျော်ထိအချိန်ယူစောင့်ပေးခဲ့တာဖြစ်ပါတယ်။
အဲဒီအမှုဟာခုနှစ်လနီးပါးရှိလာပေမယ့်ပြစ်မှုကျူးလွန်ထားသူကို ဖမ်းဆီးစစ်ဆေးအရေးယူတာတွေမရှိသေးဘူးလို့မိသားစုဝင်တွေက ဆိုကြပါတယ်။
အဲဒီအမှု၊ အမှုမှန်ပေါ်ပေါ်က်ရေး၊ အာရက္ခဒေသမှာ တရားဥပဒေစိုးမိုးရေး၊ အာရက္ခပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် Border News Agency ရဲ့အယ်ဒီတာအဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေ ဆုံးဖြတ်အတည်ပြုပြီး မိခင်ဖြစ်သူအင်တာဗျူးအပြည့်အစုံကို ဖော်ပြလိုက်ပါတယ်။