Border News Agency
ရန်ကုန်၊ ဇူလိုင် ၂၆။
ရန်ကုန်မှာ ရုံးဖွင့်ထားတဲ့တီမောနိုင်ငံသံ ရုံးရဲ့ယာယီတာဝန်ခံမစ္စတာအိုလန်ဒီနို ရူဒီးအန်ဒရဒ် (Mr. Orlandino Rude Andrade)ဟာ ဇူလိုင်လ ၂၄ ရက်နေ့ကစစ်ကောင်စီရဲ့နိုင်ငံရေးခြားရေးဝန်ကြီး ဌာနမှဒုဝန်ကြီးကို တွေ့ဆုံခဲ့ပါတယ်။
အရှေ့တီမောနိုင်ငံကတော့ အာဆီယံအဖွဲ့ဝင်ဖြစ်လာရေးကို ဆွေးနွေးခဲ့သလို စ စ်ကောင်စီဒုနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာနိုင်ငံပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဖို့ ပြောခဲ့ပါတယ်။
အရှေ့တီမောဟာ လာမယ့်အောက်တို ဘာလမှာ အာဆီယံအဖွဲ့ဝင်ဖြစ်လာမယ်လို့ အရှေ့တီမောအစိုးရက ပြီးခဲ့တဲ့မေ လ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အရှေ့တီမောမှာ အတားအဆီးတချို့ရှိနေပေမယ့် အာဆီယံအဖွဲ့ဝင် ဖြစ်လာမှာသေချာနေပြီး အချိန်ကာလသာအတိုး အဆုတ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ ၇ ရက်နေ့ကပြုလုပ်ခဲ့တဲ့ အာဆီယံအစည်းအဝေးမှာအရှေ့တီမောဟာ အဖွဲ့ဝင်ခွင့်အပေါ် စစ်ကောင်စီက ကန့်ကွက်ခဲ့ပါတယ်။
ဒါပေမယ့် အရှေ့တီမောဟာ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးအတွက် ချောမွေ့ညင် သာစွာလက်တွေ့ကျကျချဥ်းကပ်နေတာကိုတော့ ဇူလိုင်လ ၂၄ ရက်နေ့ တွေ့ ဆုံမှုက ဖော်ပြနေပါတယ်။
အဲဒီချဥ်းကပ်မှုအပေါ် တရုတ်နိုင်ငံက စောင့်ကြည့်အကဲခတ်နေမှာသေချာပြီးအရှေ့တီမောမှာရော မြန်မာမှာပါ တရု တ်နိုင်ငံရဲ့ရင်းနှီးမြုပ်နှံတွေ ရှိနေပါတယ်။
အရှေ့တီမောဟာ အာဆီယံအဖွဲ့ဝင်ဖြစ် လာလာရင် တရုတ်နိုင်ငံရဲ့အကျိုးစီးပွားအရ အရှုံးမရှိတဲ့အပြင် အမြတ်ထွက်တဲ့ကိစ္စဖြစ်ပါတယ်။
အရှေ့တီမောသမ္မတဟာ ပြီးခဲ့တဲ့ ၂၀၂ ၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့က တရုတ်သမ္မတကို ဘေကျင်းမှာလာရောက်တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ တရုတ်သမ္မတရှီကျင်းပင်က အရှေ့တီမောသမ္မတအား” ထုံးထမ်းစဥ်လာဆက်ဆံရေးအား ဂုဏ်ပြုရသောကာလ “(Time-honored traditional relationship) အဖြစ် အမွန်းတင်ပြောဆိုခဲ့ပါတယ်။
ရှီကျင်းပင်ရည်ညွှန်းလိုတာက အရှေ့တီမောရဲ့လွတ်လပ်ရေးကို စောစောစီး စီးအသိအမှတ်ပြုခဲ့တဲ့နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။
အဲဒီအရှေ့တီမောသမ္မတရဲ့ဘေကျင်းခရီးစဥ်ဟာ တရုတ်နိုင်ငံအတွက် သံခ င်းတမန်ခင်းအောင်မြင်မှုဖြစ်ပြီး ရှီကျ င်းပင်နဲ့ဂျိုဆေးရာမိုစ်ဟော်တာဟာ အ ချက် ၁၇ ချက်ပါ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။
အဲဒီကြေညာချက် အပိုဒ် ၆ မှာထိုင်ဝမ်ဟာ တရုတ်ပြည်ရဲ့အစိတ်အပိုင်းဖြစ်တယ်လို့ အရှေ့တီမောက အသိအမှ တ်ပြုခဲ့ပါတယ်။
အဲဒီအပြင် ကျန်ဂျန်း(Xinjiang)နဲ့ဇီကျ န်း( Xizang)ပြည်နယ်တွေမှာ တရုတ်နို င်ငံရဲ့ရပ်တည်ချက်ကို အရှေ့တီမောလေးစားတယ်လို့လည်း ထည့်သွင်းထားပြီး အပိုဒ်(၁၁)မှာ တရုတ်နိုင်ငံက အရှေ့တီမောဟာ အာဆီယံအဖွဲ့ဝင် ဖြ စ်လာရေးကို ထောက်ခံတယ်လို့ ဖော်ပြထားပါတယ်။
ပေါ်တူဂီစကားပြောလွမ်းမိုးတဲ့ တရုတ်နိုင်ငံရဲ့မကာအိုဒေသနဲ့အရှေ့တီမောကြားမှာ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုကို အရှိန်အဟုန်မြင့်တင်ရန်လည်း ပါရှိပါတယ်။
အရှေ့တီမောရဲ့စိုက်ပျိုးရေး၊ ပြည်တွင်းလေကြောင်းလိုင်း၊အသံလွင့်လုပ်ငန်းအပါအဝင် အခြေခံအဆောက်အအုံတွေမှာ တရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုက ခြေသွက်လက်သွက်ရှိနေပါတယ်။
ဆွိုင်အဝေးပြေးလမ်းမ(Suai Highway) စီမံကိန်း၊ တီဘာရေနက်ဆိပ်ကမ်း (Tibar Deep Sea Port) စီမံကိန်းအပါအဝင် တခြားစီမံကိန်းနှစ်ခုအတွက် တရုတ်နိုင်ငံမှအမေရိကန်ဒေါ်လာသန်းတထောင်ကျော် ရင်းနှီးမြုပ်နှံနေပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးကနဦးပိုင်းမှာ အရှေ့တီမောဟာ ပေါ်ပေါ်ထင်ထင် ထောကျခံခဲ့ပြီး အမျိုးသားညီညွတ် ရေးအစိုးရနဲ့လည်း ထိတွေ့ဆက်ဆံခဲ့ပါတယ်။
အဲဒါကြောင့် အရှေ့တီမောကို စစ်ကောင်စီကန့်ကွက်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံကတော့ အရှေ့တီမောနဲ့စစ်ကောင်စီကြားမှာ လူသိရှင်ကြားပါဝင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် တရုတ်နိုင်ငံရဲ့သြဇာကိုသုံးပြီး လူတွေသတိမထားမိအောင် ဆောင်ရွက်တာတွေကို ပြုနိုင်ဖွယ်ရှိပါတယ်။
တရုတ်ဟာ အရှေ့တီမောနဲ့မြန်မာအတွက် အခြေခံအဆောက်အအုံတွေ၊ကုန် သွယ်ရေးမှာ အကြီးစားမိတ်ဖက်ဖြစ်သလို ရင်းနှီးမြုပ်နှံမှုကို လက်နက်အဖြ စ်အသုံးချပြီး နှစ်ဖက်စလုံးကို အထိန်း အကွပ်လုပ်လာနိုင်ပါတယ်။
အရှေ့တီမောဟာ အာဆီယံအဖွဲ့ဝင်ဖြစ်သွားပါက တရုတ်ရဲ့ခါးပတ်လမ်းစီမံ ကိန်းလည်း အာဆီယံအပေါ်လွမ်းခြုံမှုအတွက် ပိုမိုချောမွေ့လာမှာဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်အရေးမှာ အာဆီယံအတွင်း မိတ်ဖက်တနိုင်ငံတိုးလာနိုင်မယ့်အခွင့်အရေးလည်းဖြစ်ပါပြီး တရုတ်ဟာ အခွင့်အရေးကို ဆုံးရှုံးခံမှာမဟုတ်ပါဘူး။
အရှေ့တီမောမှာ ရင်းနှီးမြုပ်နှံမှုအား ကောင်းတာဟာ အရှေ့တီမောကို အနောက်ကမ္ဘာရဲ့ရင်ခွင်က ခွာထားနိုင်မှာဖြစ်ပါတယ်။
တကယ်လို့ အရှေ့တီမောသာ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးတွင် အခက်အခဲတွေကြုံလာရင် တရုတ်ဟာ စစ်ကောင်စီကို ဖိအားပေးပြီး အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်ဖြစ်လာအောင် ကျားကန်ပေးမှာ ဖြစ်ပါတယ်။
ကိုးကား –
- https://www.channelnewsasia.com/asia/china-power-timor-leste-indonesia-morowali-nickel-infrastructure-economy-5027691?hl=en-GB
- https://timor-leste.gov.tl/?p=43569&lang=en&n=1&hl=en-GB#:~:text=Print,May%20of%202025%2C%2015%3A06h
- https://www.mfa.gov.cn/eng/xw/zyxw/202407/t20240730_11462823.html?hl=en-GB
- https://timor-leste.gov.tl/?p=34331&lang=en&n=1&hl=en-GB#:~:text=Print,September%20of%202023%2C%2015%3A09h
- https://www.mfa.gov.cn/eng/xw/zyxw/202408/t20240801_11464718.html?hl=en-GB