မကွေးတိုင်းအစပ်မှာ စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်ဆက်လက်တိုက်ခိုက်နေ

Photo – AA

By

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး၊ အမ်း-ပဒါန်းကားလမ်းမထက်မှာ ဇန်နဝါရီလ၂၇ ရက်နေ့ထိစစ်ကောင်စီတပ်ရဲ့တပ်မ ၉၉ လက်အောက်ခံ၊အမှတ် ၄၁၉ ခြေမြန်တပ်ရင်း၊ အမှတ် ၁၄ တပ်ရင်းမှပူးပေါင်းစစ်ကြောင်းတွေကိုအာရက္ခတပ်တော် (AA) က ဆက်လက်တိုက်ခိုက်နေတယ်လို့ထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်တာတွေကိုဆက်လက်မခုခံနိုင်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ငဖဲမြို့နယ်၊ဂုတ်စီးရိုးကျေးရွာဖက်ကို ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။

အဲဒီလိုဆုတ်ခွာထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်လက်တိုက်ခိုက်နေပြီး အဲဒီတိုက်ပွဲတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတချို့၊လက်နက်ခဲ့ယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအာရက္ခ-မကွေးအစပ်မှာ ဇန်နဝါရီ လ ၁၁ ရက်နေ့ကစတင်ပြီးတိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ အာရက္ခတပ်တော်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအမ်းမြို့နယ်အခြေစိုက်၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြီးခဲ့တဲ့နှစ်ဒီ ဇင်ဘာလ ၂၀ ရက်နေ့မှာ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်း ချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင် သုံးမြိုနယ်သာကျန်နေပြီး အဲဒီမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေဖြ စ်နေတာမို့ စစ်ကောင်စီတပ်က အရပ်သားပြည်သူနေရာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ဟာ အာရက္ခ-မကွေ၊ နယ်ခြား၊ အာရက္ခ-ပဲခူးနယ်ခြား၊ အာရက္ခ-ဧရာဝတီနယ်ခြားကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here