ညောင်ကျိုးစစ်ဗျူဟာစခန်းကို အာရက္ခတပ်တော်အပြီးသတ်သိမ်းပိုက်

By

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ညောင်ကျိုးဗျူဟာစခန်းကုန်းကို ဧပြီလ ၂ ရက်နေ့က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ အာရက္ခတပ်တော်(AA) က ဧပြီလ ၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။

အဲဒီညောင်ကျိုးဗျူဟာစခန်းကုန်းကို မတ်လ ၁၇ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၆ ရက်ကြာအောင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်လို့ဆိုပါတယ်။

အဲဒီတိုက်ပွဲမှထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့အခွင့်အရေးခဲ့ပေမယ့် စစ်ကောင်စီဖက်က တဖက်သတ်အပစ်ရပ်ခဲ့တာမို့ ထပ်ပြီးထိုးစစ်ဆင်တိုက်ခိုက်မှုတွေမလုပ်ဘဲ ရပ်တန့်ခဲ့တယ်လို့ဆိုပါတယ်။

အာရက္ခတပ်တော်(AA) ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” အဖြစ် အာရက္ခဒေသမှာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော – အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် အာရက္ခဒေသက မြို့နယ်ဆယ့်လေးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေ၊ ကျောက်ဖြူမှာလည်း စစ်ရေးတင်းမှာမှုတွေရှိနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here