Border News Agency
ကျောက်တော်၊ ဧပြီ ၁၉။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို ဧပြီလ ၁၉ ရက်၊ ဒီနေ့ မနက် ၂ နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး နှစ်ဆယ်ကျော်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက် ၆ လမ်းက အသက်လေးဆယ်အရွယ်ဦးကျော်စိုးချေ သေဆုံးသွားခဲ့တယ်လို့ ကျောက်တော်မြို့ခံတွေကဆိုကြပါတယ်။
အဲဒီကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်က အသက်လေးနှစ်အရွယ် မောင်အောင်မြတ်ဟိန်း၊ အသက်ရှစ်နှစ်အရွယ်မောင်ဇော်မျိုးနိုင်၊ အသက်ကိုးနှစ်အရွယ် မောင်ဖြိုးမင်းသိန်း၊ အသက်ဆယ့်ကိုးနှစ်အရွယ်မချစ်မြတ်ဝေ၊ အသက်လေးဆယ်ရှစ်နှစ်အရွယ်ဒေါ်အေးရီ၊ အသက် သုံးဆယ်ရှစ်နှစ်အရွယ်ဒေါ်ရွှီဇင်၊ အသက် လေးဆယ်လေးနှစ်အရွယ်ဒေါ်အေးမြရီ၊အသက် လေးဆယ်ခြောက်နှစ်အရွယ်ဦးမောင်လှဝင်း၊အသက် သုံးဆယ်နှစ်နှစ်အရွယ် ဒေါ်လှသန္တာ၊ အသက် သုံးဆယ်ကိုးနှစ်အရွယ် ဦးဇော်ချေ၊ အသက် သုံးဆယ်နှစ်နှစ်အရွယ် ဒေါ် စုစုမြတ်ဇော်၊ အသက် ခြောက်ဆယ်ခုနှစ်နှစ်အရွယ် ဒေါ် ဦးခင်နု၊ အသက် ခြောက်ဆယ်လေးနှစ်အရွယ်ဒေါ်အေးကျော့ညွှန့် တို့ ဒဏ်ရာရသွားခဲ့ကြတယ်လို့ ကျောက်တော် ဒေသခံတွေကဆိုကြပါတယ်။
အဲဒီအပြင် ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်က အသက်ကိုးနှစ်အရွယ်မောင် ဆန်းကျော်ဝင်း၊ အသက်ဆယ့်နှစ်နှစ်အရွယ်မောင်ခိုင်မြတ်လင်း၊ အသက်ဆယ့်လေးနှစ်အရွယ်မခိုင်မြတ်နွယ်၊ အသက်လေးဆယ်သုံးနှစ်အရွယ်ဦးကျော်မိုး၊ အသက်ငါးဆယ်အရွယ်ဦးမောင်သန်းဝင်း၊ အသက် လေးဆယ်လေးနှစ်အရွယ်ဦးအောင်ထွန်းမြတ်၊ အသက်သုံးဆယ်ရှစ်နှစ်အရွယ် ဦးကျော်မင်းထွန်းတို့ ဒဏ်ရာရသွားကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
စစ်ကောင်စီတပ်က ကျောက်တော်မြို့ကို ရည်ရွယ်ချက်ရှိရှိ ပေါင် ၅၀၀ ဗုံး၊ အတွဲလိုက်ဗုံးတွေလည်း ကြဲချခဲ့တာကြောင့် အရပ်သားတွေသေဆုံး၊ ဒဏ်ရာရသွားခဲ့ကြသလို နေအိမ်အများအပြားပျက်စီးသွားခဲ့တယ်လို့ကျောက်တော်ဒေသခံတွေကဆိုကြပါတယ်။
ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်၊မြို့သစ်ရပ်ကွက်၊ ရှမ်းရွာရပ်ကွက်တွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကျောက်တော်ဒေသခံတွေကဆိုကြပါတယ်။
အဲဒီကျောက်တော်မြို့ကို ဧပြီလ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ကလေးတဦးသေဆုံးပြီးအရပ်သားသုံးဦးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်ကိုလည်း ဧပြီလ ၄ ရက်နေ့၊ မနက် ၁ နာရီအချိန်ခန့်က စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ အသက်မပြည့်သေးတဲ့ကလေးတဦးအပါအဝင်သုံးဦး ဒဏ်ရာရသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ဧပြီလ၂ ရက်နေ့မှ ၂၂ ရက်နေ့ထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလဖြစ်တယ်လို့ ဧပြီလ ၂ ရက်နေ့ကထုတ်ပြန်ထားပေမယ့် အာရက္ခဒေသကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
စစ်ကောင်စီဟာ အရပ်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေ၊ နေဗီတွေ၊ တိုက်လေယာဥ်တွေ၊ ဒရုန်းတွေနဲ့အာရက္ခပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်သတ်ဖြတ်တာတွေနေ့စဥ်ရက်ဆက်ပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်အာရက္ခဒေသက မြို့နယ်ဆယ့်လေးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်း ချုပ်ထားပြီဖြစ်ပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့စစ်တွေ၊ ကျောက်ဖြူမြို့နယ်တွေမှာလည်း စစ်ရေးတင်းမှာမှုတွေရှိနေပြီး စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကိုလေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေပါတယ်။