ရခိုင်ပြည်လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးတပ်မြတ်တော် ဖွဲ့ထား

(ဓာတ်ပုံ – စောမြရာဇာလင်းခေါင်းဆောင်နေတဲ့စစ်တွေအခြေစိုက်အဖွဲ့ / ALPR)

By

စောမြရာဇာလင်းဦးဆောင်ပြီး ရခိုင်ပြ ည်လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေတပ်မြတ်တော်ကို စစ်တွေမြို့မှာဖွဲ့ထားပါတယ်။

အဲဒီနာမေအကြောင်းကို သုံးနှစ်ပြည့်နေ့မှာ ခေါင်းဆောင်ဖြစ်သူစောမြရာဇာလင်းက ပြောဆိုထားတာဖြစ်ပြီး အဲဒီလိုပြောဆိုထားတဲ့ရုပ်သံကို ဧပြီ ၂၃ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာမှာထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဲဒီရခိုင်ပြည်လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးတပ်မြတ်တော်သုံးနှစ်ပြည့်ကိုပြီးခဲ့တဲ့မတ်လ ၂၀ ရက်နေ့က စစ်တွေမြို့မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီတပ်မြတ်တော်ခေါင်းဆောင်ဖြစ်သူစောမြရာဇာလင်းဟာ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP) က ခွဲထွက်လာခဲ့တာဖြစ်ပြီး အစပထမတုန်းကတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ကိုသူမတို့သာပိုင်ဆိုင်ပြီး သူမတို့တပ်သာရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဒါပေမယ့် “ပါတီစတင်ဖွဲ့စည်းချိန်ကထားခဲ့တဲ့ တပ်မတော်၏ နာမည် ALA – Arakan Liberation Army အဲဒီတပ်မတော်၏အမည်ကို ငါတာဝန်ယူပြီးနောက်ပိုင်း နာမည်ပြောင်းလိုက်ခြင်းဖြစ်တယ်။ALPR – Army For Liberation and Peace of Rakhine လို့ နာမည်ပြောင်းထားကြောင်းကိုလည်း ဒီနေရာမှာရဲဘော်တို့ကို တရားအသိပေးကြေညာလိုက်တယ်။ ရဲဘော်တို့ လက်မောင်းမှာလည်း ALPR တံဆိပ်တွေ ရောက်ရှိနေပြီဖြစ်တယ်။ ငါတို့ဟာပါတီနာမည်၊ တပ်မြတ်တော် နာမည်နဲ့လိုက်အောင် ပါတီခေါင်းဆောင်များ၊ တပ်ခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ်ရဲဘော်များအားလုံးကောင်းစွာကျင့်ကြံပြီးတော့ ပါတီတိုးတက်ရာတိုးတက်ကြောင်းအတွက် အလုပ်လုပ်ကြသွားဖို့အထူးမှာကြားလိုတယ်။” လို့ စောမြရာဇာလင်းက ပြောပါတယ်။

စောမြရာဇာလင်းခေါင်းဆောင်နေတဲ့ရ ခိုင်ပြည်လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးတပ်မြတ်တော်ဟာ အာဏာသိမ်းစ စ်တပ်နဲ့ပူးပေါင်းပြီး စစ်တွေမြို့မှအရပ်သားပြည်သူတွေကို ဖမ်းဆီးတာတွေ၊သတ်ဖြတ်တာတွေ၊အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာတွေ ကျူးလွန်နေကြတ ယ် စစ်တွေမြို့မှပြည်သူတွေကဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူတွေကယုံကြည်လက်ခံအားပေးတာတွေမရှိတဲ့အပြင် အာရက္ခဒေသမှာမရှိသင့်တဲ့အဖွဲ့ဖြစ်တယ်လို့လည်းအာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“အာဏာရှင်နဲ့ပေါင်းပြီးရခိုင်ပြည်သူတွေကို နှိပ်ကွက်နေတာ။အာဏာရှင်နဲ့ပေါင်းပြီးတော့ အာရက္ခအိပ်မက်ကိုအကောင်အထည်ဖော်နေတဲ့အာရက္ခတပ်တော်ကိုအနှောက်ယှက်ပေးနေတာ။ဒါတွေက လုံးဝမဖြစ်သင့်တဲ့အတွက် ALP ဟာ ရခိုင်ပြည်မှာမရှိသင့်ဘူး။” လို့ စစ်တွေမြို့မှကမန်လူမျိုးတဦးက Border News Agency ကို ပြောပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(Arakan Liberation Party; ALP) ကို ၁၉၆၇ ခုနှစ်၊ဧပြီလ ၉ ရက်နေ့က စတင်တည် ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ဧပြီ လ ၅ ရက်နေ့မှာ မြန်မာအစိုးရနဲ့ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို လက်မှတ်ရေး ထိုးခဲ့သလို ၂၀၁၅ ခုနှစ်၊အောက်တို ဘာလ ၁၅ ရက်နေ့မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်မှာလည်း ပါဝင်လက်မှတ်ရေး ထိုးခဲ့ပါတယ်။

အဲဒီရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဟာ ခိုင်ရဲခိုင်ခေါင်းဆောင်တဲ့အိ န္ဒိယနယ်စပ်အခြေစိုက်၊ ခိုင်စိုးနိုင်အောင်ခေါင်းဆောင်တဲ့ထိုင်းနယ်စပ်အခြေစို က်၊စောမြရာဇာလင်းခေါင်းဆောင်တဲ့
စစ်တွေအခြေစိုက်ဆိုပြီး သုံးဖွဲ့ကွဲသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here