Border News Agency
မကွေး၊မေ ၁။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဇီရွာတပ်စခန်းမှစစ်ကောင်စီစစ်ကြောင်းကို ဧပြီလ ၃၀ ရက်နေ့က ကြားဖြတ်တိုက် ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုးဦးသေဆုံးပြီးသေနတ်ကိုးလက်သိမ်း ဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီလိုတိုက်ခိုက်ခံကြရတာဟာ ကပစ ၁၃ မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ပြီး MA အမျိုးအစား လက်နက်ငယ်ကိုးလက်အပြင် ကျည်ဘောင်တွေ၊ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကြောင်းဟာ နတ်ရေကန်တပ်မစခန်းမကျစေရေးအတွက် ပဇီကျေးရွာဘုန်းကြီးကျောင်းမှာတပ်စွဲနေကြတာလို့ ချင်းကာကွယ်ရေးတပ်-အရှိုက မေ လ ၁ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီငဖဲမြို့နယ်၊ပဇီရွာဘုန်းကြီးကျောင်းမှာစစ်ကောင်စီတပ်ရဲ့တပ်မ ၉၉၊ကပစ ၂၊ကပစ ၁၀၊ကပစ ၁၃၊ကပစ ၁၄ မှစစ်ကောင်စီတပ်ဖွဲ့ဝင်တရာ့သုံးဆယ်ခန့်တပ်စွဲနေကြတာလို့ ဆိုပါတယ်။
အဲဒီတပ်ဖွဲ့ဝင်တွေဟာ ပဇီကျေးရွာရှိနေအိမ်တွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူရောင်းချနေကြတယ်လို့လည်း ဖော်ပြထားပါတယ်။
အဲဒီချင်းကာကွယ်ရေးတပ်-အရှိုဟာ အာရက္ခတပ်တော်နဲ့စစ်ရေးပူးပေါင်းဖော်ဆောင်နေတာတွေရှိပါတယ်။






