ညီနောင်မဟာသုံးဖွဲ့အပစ်ရပ်သက်တမ်းတလတိုး (သတင်းတို)

By

Border News Agency
ကျောက်ဖြူ၊ မေ ၁ ။

အာရက္ခတပ်တော်(AA) ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ၁ လသက်တမ်းတိုးတယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒါဟာ ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေ၊ တိုက်တာအဆောက်အအုံတွေရှင်းလင်းရေး၊ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ၁ လတာ တဖက်သတ်အပစ်ရပ်ကာလကို နောက်ထပ် ၁လ သက်တမ်းထပ်တိုးတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ကလည်း အပစ်ရပ်တယ်လို့ထုတ်ပြန်ထားပေမယ့် အရပ်သားပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ နေ့စဥ်ရက်ဆက်ကျူးလွန်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here