ပလက်ဝမြို့နယ်က စစ်သုံ့ပန်းမိသားစုဝင်သုံးဆယ်သုံးဦးကို ပြန်လွတ်ပေး

By

Border News Agency
ပလက်ဝ၊ မေ ၂၆။

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်သုံ့ပန်းမိသားစုဝင်သုံးဆယ်သုံးဦးကို အာရက္ခတပ်တော်(AA)က မေလ ၂၄ ရက်နေ့မှာ ပြန်လွတ်ပေးလိုက်ပါတယ်။

အဲဒီပလက်ဝတိုက်ပွဲအတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံးပန်းမိသားစုဝင်သုံးဆယ်သုံးဦးကို အာရက္ခတပ်တော်ကအခမ်းအနားတွေပြုလုပ်ပြီး ပြန်လွတ်ပေးလိုက်တာဖြစ်ပါတယ်။

အဲဒီ စစ်သုံ့ပန်းမိသားစုဝင်တချို့ကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ၈ ကြိမ်မြောက် စစ်သုံ့ပန်း သုံးဆယ်သုံးဦးကိုပြန်လွတ်ပေးခဲ့တာပါ။

အဲဒီအပြင် မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းနဲ့စစ်သုံ့ပန်းမိသားစုဝင်တွေထဲက တရာ့ရှစ်ဆယ်လေးဦးကို မေလ ၁၉ ရက်​နေ့ကလွတ်ပေးလိုက်ပါတယ်။

မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော် ဖမ်းဆီးထိန်းသိမ်းထားတဲ့စစ်သုံ့ပန်းမိသားစုဝင်သုံးရာတဆယ့်လေးဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကပြန်လွှတ်ပေးခဲ့ပါတယ်။

နောက်ပြီး အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့ ဘူးသီးတောင်မြို့နယ်က စစ်သုံးပန်းမိသားစုဝင်သုံးရာကျော်ကိုလည်း မေလ ၁၈ ရက်နေ့က ပြန်လွတ်ပေးလိုက်တယ်ပါတယ်။

အဲဒီလိုပြန်လွှတ်ပေးလိုက်သူတွေထဲမှာ ခမီ၊မြို၊သက်စတဲ့လူမျိုးတွေ အိမ်ထောင်စုနှစ်ဆယ်ခြောက်စု၊လူဦးရေခြောက်ဆယ်ကိုးဦးပါဝင်သလို ရခိုင်လူမျိုးအိမ်ထောင်စုရှစ်ဆယ်တစု၊လူဦးရေနှစ်ရာလေးဆယ်ငါးဦးပါဝင်ပြီး စုစုပေါင်းလူဦးရေးသုံးရာလေးဆယ်လေးဦးဖြစ်ပါတယ်။

အဲဒီအပြင် မင်းပြားမြို့သိမ်းတိုက်ပွဲက ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန့်မိသားစုဝင် နှစ်ရာကျော်ကို ဧပြီလ ၁၆ ရက်နေ့မှာ လွတ်ပေးလိုက်သလို ဧပြီလ ၁၃ ရက်နေ့ကလည်း စစ်သုံ့ပန့်မိသားစုဝင်တရာ့ခုနှစ်ဆယ်ဦးကို လွတ်ပေးလိုက်ပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

အဲဒီမြို့သိမ်းတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊မိသားစုဝင်တွေအပါအဝင်လူဦးတသောင်းကျော်ထိ အာရက္ခတပ်တော်ကဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here