မောင်တော၊ဇူလိုင် ၃၀။
မောင်တောမြို့ပေါ်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးကို ဇူလိုင်လနောက်ဆုံးအပတ်က စစ်ကောင်စီတ ပ်လက်နက်ကိုင်တွေ၊မွတ်ဆလင်လက်နက်ကိုင်တွေ အတင်းအဓမ္မဝင်ရောက်ဖျက်ဆီးပြီးဆေးဝါးပစ္စည်းအပါအဝင်ပစ္စည်းတချို့ယူဆောင်သွားကြတယ်လို့ တာဝန်ရှိသူတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတ ပ်ဖွဲ့ဝင်တွေနဲ့အတူမွတ်ဆလင်လက်နက်ကိုင်တွေလ ည်းဝင်ရောက်တိုက်ခိုက်နေကြပြီး သူတို့ဟာ နိုင်ငံတ ကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအ ညီပေးရေးပစ္စည်းတွေကိုလည်းခိုးယူဖျက်ဆီးတာတွေပြုလုပ်ခဲ့ကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် ဘာသာရေးဆိုင်ရာအဆောက်အအုံတွေ၊အများပြည်သူဆိုင်ရာအဆောက်အအုံတွေ၊လူနေ ရပ်ကွက်တွေမှာဝင်ရောက်နေရာယူတပ်စွဲခုခံနေကြ
တယ်လို့ မောင်တောမြို့ပေါ်မှာကျန်နေခဲ့ကြတဲ့ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်ရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်၊အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီရုံးတွေကိုလည်းဖျက်ဆီးယူဆောင်တာတွေပြုလုပ်ထားသ လို ကမ္ဘာ့ကုလသမဂ္ဂအပါအဝင်နိုင်ငံတရာအဖွဲ့အစ ည်းရုံးတွေကိုလည်း ခံတပ်အဖြစ်အသုံးပြုခုခံတေကြတယ်လို့ ဆိုကြပါတယ်။
အဲဲဒီအပြင်စာသင်ကျောင်းတွေ၊မီးသတ်ရုံးအပါအဝ င်ဌာနဆိုင်ရာရုံးတွေမှာလည်းစခန်းချတပ်စွဲခုခံနေကြသလို မြို့ပေါ်ရှိလူနေအိမ်အများစုကို ဖောက်ထွ င်းခိုးယူဖျက်ဆီးတာတွေပြုလုပ်ထားကြပြီလို့ ဆိုကြပါတယ်။