ရခိုင်က ဘုန်းကြီးကျောင်းတွေ ပြုပြင်ထိန်းသိမ်းဖို့ အလှူရှင်တွေ လိုအပ်နေ
ဘူးသီးတောင်၊ဇူလိုင် ၃၀။
ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ စစ်ကောင်စီတပ်က ပစ် ခတ်ဖျက်ဆီးလို့ ပျက်ဆီးသွားတဲ့ ဘုန်းကြီးကျောင်းတွေကိုပြုပြင်ထိန်းသိမ်းဖို့အလှူရှင်တွေလိုအပ်နေတယ်လို့ ကျောင်းထိုင်ဆရာတော်တွေက မိန့်ကြားပါတယ်။
အဲဒီဘုန်းကြီးကျောင်းအများစုဟာ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်လို့ပျက်စီးသွားကြတာဖြစ်ပြီး ဒရုန်းတွေ၊လက်နက်ကြီးတွေပစ်ခတ်လို့ပျက်
စီးသွားတာတွေလည်းပါဝင်တယ်လို့ ဆိုကြပါတယ်။
အဲဒီဘုန်းကြီးကျောင်းတွေကို အရေးပေါ်မိုးဖို့လိုအ ပ်နေတာဖြစ်ပြီး ဒီအတိုင်းပစ်ထားလိုက်ရင် ကျော င်းဆောင်တွေအားလုံးပျက်စီးဆုံးရှုံးသွားနိုင်တယ်လို့ ကျောင်းထိုင်ဆရာတော်တွေက မိန့်ကြားပါတ ယ်။
”ခုလောလောဆယ် တာပေါ်လိပ်တွေနဲ့ဖြစ်ဖြစ် မိုးထားလိုက်ဖို့လိုအပ်နေတယ်။ဒီအတိုင်းပစ်ထားလိုက်ရင် မိုးကုန်ရင်အကုန်လုံးပျက်စီးသွားနိုင်ပါတယ်။ပြန်မပြင်သေးခင်မိုးလုံလေလုံအောင်တော့ယာယီ ကာထားလိုက်ရမယ်။အဲဒါတွေပြုပြင်ဖို့အလှူရှင်တွေလိုအပ်နေတာ။”လို့ ဘူးသီးတောင်မြို့ပေါ်မှကျောင်းထိုင်ဆရာတော်တစ်ပါးက Border News
Agency သို့ မိန့်ကြားပါတယ်။
အဲဒီဘူးသီးတောင်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းအ များစုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊စစ်ကောင်စီတ ပ်ကစစ်သင်တန်းပေးထားတဲ့မွတ်ဆလင်တွေလာရောက်မီးရှို့ခဲ့ကြတာဖြစ်သလို ကျောင်းရှိပစ္စည်းတွေကိုယူပြီးဖျက်ဆီးသွားခဲ့ကြတာလို့ ကျောင်းထို င်ဆရာတော်တွေက မိန့်ကြားပါတယ်။
မောင်တောမြို့နယ်က ဘုန်းကြီးကျောင်းတွေအပါ အဝင် တခြားမြို့နယ်တွေရှိဘုန်းကြီးကျောင်းတွေကိုတော့ စစ်ကောင်စီတပ်က လေကြောင်းကပစ်ခ တ်လို့ ပျက်ဆီးသွားခဲ့ကြတာလို့ ကျောင်းထိုင်ဆရာ တော်တွေက မိန့်ကြားပါတယ်။
ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ စစ်ကောင်စီတပ်ရဲ့လော်ဘီတွေက ရခိုင်ရှိဘုန်းကြီးကျောင်းတွေကို ပစ်မှတ်ထားပစ်ခတ်ဖျက်ဆီးဖို့ သတင်းမှားတွေနဲ့ဝါဒဖြန့်နှိုး ဆော်ခဲ့ကြသလို ရခိုင်လူမျိုးရဟန်းသံဃာတော်တွေကိုလည်း ပစ်မှတ်ထားဖမ်းဆီးအရေးယူဖို့ ဝါဒဖြန့်နှိုးဆော်ခဲ့ကြပါတယ်။
”ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်တွေအပါ အဝင်လူအများအပြားနေလို့ရတာကိုသိလို့ပြည်သူတွေဒုက္ခရောက်အောင်တမင်တကာရည်ရွယ်ချက်ရှိရှိပ စ်မှတ်ထားဖျက်ဆီးခဲ့ကြတာပါ။စစ်တပ်ကဘာ သာရေးကိုယုံကြည်တာမဟုတ်ဘူး။အသုံးချရုံသက် သက်အတွက် ကိုးကွယ်ဟန်ဆောင်နေတာပါ။တက ယ်စစ်မှန်ရင်ဘယ်ဘာသာရေးအဆောက်အအုံကိုမှဖျက်ဆီးမှာမဟုတ်ပါဘူး။”လို့ကျောင်းထိုင်ဆရာ တော်ကြီးတစ်ပါးက Border News Agency သို့မိန့်ကြားပါတယ်။
အာရက္ခတပ်တော်(AA)က အပြီးသတ်တိုက်ခိုက်သိ မ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မောင်တောမြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင်မဟာကျန်ဘုရားကိန်း ဝပ်စံပယ်တော်မူရာ မြို့မဘုန်းတော်ကြီးကျောင်းကိုလည်း စစ်ကောင်စီတပ်ကရည်ရွယ်ချက်ရှိရှိပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ မောင်တောမြို့နေပြည်သူတွေက ဆိုကြပါတယ်။
ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ စစ်ကောင်စီတပ်က မြောက်ဦးမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ၊ရှေးဟောင်းသမိုင်းဝင်ဘုရားပုထိုးစေတီတွေကိုလ ည်း ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာတွေပြုလုပ်ခဲ့ကြ
တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်(AA)ကတိုက်ခိုက်သိ မ်းပိုက်ထားတဲ့မြို့တွေအားလုံးရှိ ဘုန်းကြီးကျောင်းအများစုကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိပ စ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ရဟန်းသံဃာတော်တွေက မိန့်ကြားကြပါတယ်။
ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာစစ်ကောင်စီတပ်က ပစ် ခတ်ဖျက်ဆီးထားလို့ ပြန်လည်ပြုပြင်တည်ဆောက်ဖို့အလှူရှင်တွေလိုအပ်နေကြတဲ့ဘုန်းတော်ကြီးကျော င်းရာနဲ့ချီရှိနေတယ်လို့လည်း ကျောင်းထိုင်ဆရာ တော်တွေက မိန့်ကြားပါတယ်။
(ဓာတ်ပုံ-မွတ်ဆလင်