မောင်တောမြို့သိမ်းတိုက်ပွဲမှာ မွတ်ဆလင်လက်န က်ကိုင်ငါးရာကျော်ခန့်​သေဆုံး

By

မောင်တောမြို့သိမ်းတိုက်ပွဲမှာ မွတ်ဆလင်လက်န က်ကိုင်ငါးရာကျော်ခန့်​သေဆုံး
မောင်တော၊ဇူလိုင် ၃၁။
အာရက္ခတပ်တော်(AA)က အပြီးသတ်တိုက်ခိုက်သိ မ်းပိုက်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မောင်တောမြို့သိမ်းတိုက်ပွဲမှာ မွတ်ဆလင်လက်နက်ကိုင်ငါးရာကျော်ခန့်သေဆုံးသွားတယ်လို့ မွတ်ဆလင်အသိုင်း အဝိုင်းက ဆိုကြပါတယ်။
အဲဒီလိုသေဆုံးသွားကြရတာဟာ ရှေ့ကနေပြီးခုခံပစ်ခတ်ကြလို့ဖြစ်သလို စစ်ကောင်စီတပ်က အသေ ခံတိုက်ခိုင်းနေတာမို့ မွတ်ဆလင်လက်နက်တွေသေ ဆုံးဒဏ်ရာရတာတွေများပြားနေကြတာလို့ ဆိုကြပါတယ်။
အဲဒီလိုသေဆုံးဒဏ်ရာရမှုတွေများပြားနေတာမို့ မောင်တောမြို့သိမ်းတိုက်ပွဲပြီးရင် မွတ်ဆလင်လက် နက်ကိုင်ထောင်နဲ့ချီပြီးသေဆုံးဒဏ်ရာရတာတွေရှိနိုင်တယ်လို့ မောင်တောမြို့နေမွတ်ဆလင်တွေက ဆိုကြပါတယ်။
”စစ်သားတွေကနောက်ကပဲနေကြတာပါ။သူတို့(မွတ်ဆလင်)တွေက ရှေ့ကနေခံတိုက်ကြတော့အများကြီးသေကြတာပါ။ဒဏ်ရာရသူတွေလည်းအများကြီးပါ။ဗလီတွေ၊စာသင်ကျောင်းတွေမှာဆေးကုနေကြပါတယ်။ဒီအတိုင်းဆိုရင်နောက်ထပ်လည်းအ များကြီးသေနိုင်ပါတယ်။”လို့ မောင်တောမြို့ပေါ်နေ
မွတ်ဆလင်တစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီလိုသေဆုံးသွားကြတဲ့မွတ်ဆလင်အလောင်းအ များအပြားဟာ လယ်ကွင်းပြင်တွေ၊လမ်းဘေးတွေ၊တိုက်ပွဲဖြစ်တဲ့နေရာတွေအနီးမှာကျန်ရှိနေပြီး ဒဏ်
ရာတွေနဲ့ထွက်ပြေးနေကြသူတွေလည်းရှိနေကြတ ယ်လို့ ဆိုကြပါတယ်။
အဲဒီမွတ်ဆလင်လက်နက်ကိုင်တွေဟာမောင်တောမြို့နယ်၊မြို့သူကြီးအခြေစိုက်အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊မြို့မကညင်တန်း၊မောင်နီရွာ၊ရပ် ကွက်၅၊ရွှေဇားကျေးရွာ၊အမှတ် ၁ ဝင်/ထွက်စခန်းစတဲ့နေရာတွေက တိုက်ပွဲတွေမှာသေဆုံးဒဏ်ရာရကြတာလို့ ဆိုကြပါတယ်။
အဲဒီလိုသေဆုံးဒဏ်ရာရနေကြပေမယ့်အာအက်စ်အို၊အာဆာ၊အေအာအေအပါအဝင် စစ်ကောင်စီတပ်ကစစ်သင်တန်းပေးထားတဲ့မွတ်ဆလင်လက်နက်ကို င်ထောင်နဲ့ချီပြီး ခုခံတိုက်ခိုက်နေကြသလို စစ်ကော င်စီတပ်ဖွဲ့ဝင်တွေကတော့မွတ်ဆလင်လက်နက်တွေကိုအကာအကွယ်ယူပြီးဆုတ်ခွာထွက်ပြေးနေကြတ ယ်လို့ ဆိုကြပါတယ်။
”လေယာဥ်တွေနဲ့ရော့၊စစ်သင်္ဘောကပါပစ်နေပါတ ယ်။သေနတ်သံတွေရော့၊လက်နက်ကြီးသံတွေပါကြားနေရပါတယ်။ခုကအိမ်ထဲကအိမ်ပြင်တောင်ထွ က်လို့မရပါဘူး။ကားတွေသွားနေတာလ ည်းကြားနေရပါတယ်။”လို့ မောင်တောမြို့၊မြို့သစ်ရပ်ကွက်နေဟိန္ဒူအမျိုးသမီးတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီမောင်တောမြို့နယ်၊မြို့သူကြီးအခြေစိုက်အမှ တ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးရာခန့်နဲ့အတူမွတ်ဆလင်လက်နက်ကိုင်တစ်ထောင်နီးပါးက ခုခံတိုက်ခိုက်နေကြသလိုမြို့မကည င်တန်း၊အမှတ် ၁ အခြေခံပညာအထက်တန်းကျော င်း၊မောင်တောခရိုင်မီးသတ်တပ်ဖွဲ့ရုံးမှာလည်း စစ် ကောင်စီတပ်ဖွဲ့ဝင်တစ်ရာခန့်နဲ့အတူမွတ်ဆလင်လ က်နက်ကိုင်တစ်ထောင်နီးပါးက ခုခံတိုက်ခိုက်နေကြတယ်လို့မွတ်ဆလင်အသိုင်းအဝိုင်းက ဆိုကြပါတ ယ်။
အဲဒီအပြင်မောင်တောမြို့နယ်၊ရွှေဇားကျေးရွာအုပ်စုမှာလည်းမွတ်ဆလင်လက်နက်ကိုင်တစ်ထောင်နီးပါးနဲ့မောင်တောမြို့နယ်၊မောင်နီကျေးရွာနဲ့အမှတ်၂ ရပ် ကွက်ရှိအမှတ် ၂ အခြေခံပညာအထက်တန်းကျော င်း၊ဗလီတွေမှာအင်အားတစ်ထောင်နီးပါးခုခံတိုက် ခိုက်နေကြတာလို့ ဆိုကြပါတယ်။
နောက်ပြီးမောင်တောမြို့ပေါ်ရှိလမ်းဆုံ၊လမ်းခွတွေမှာလည်း အင်အားအများအပြားနဲ့စခန်းချတပ်စွဲနေကြသလိုလမ်းပေါ်မှာတွေ့သမျှမွတ်ဆလင်မဟုတ်သူအားလုံးကို ဖမ်းဆီးသတ်ဖြတ်တာတွေပြုလုပ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်မှာရိုဟင်ဂျာအမည်ခံအာအက်စ်အို၊အာဆာ၊အေအာအေအပါအဝင်စစ်ကောင်စီတပ်ကစစ်သင်တန်းပေးလက်နက်တပ်ဆင်ပေးထားတဲ့မွတ်ဆလင်လက်နက်ကိုင်ငါးထောင်ကျော်ခန့်ထိ စစ်ကောင်စီဘက်မှခုခံတိုက်ခိုက်နေကြသလို မြို့ပေါ်မှာသူတို့နဲ့အတူစစ်ကောင်စီတပ်ကိုအားပေးကူ ညီနေကြသူတွေသာကျန်နေတာလို့မွတ်ဆလင်တွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-စစ်ကောင်စီတပ်ဘက်မှပါဝင်တိုက်ခိုက်ပေးနေကြတဲ့မွတ်ဆလင်လက်နက်ကိုင်တွေ/ လူမှုကွန်ရက်)

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here