ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေပစ်သတ်လို့ တလအတွင်းအရပ်သားဆယ်ဦးသေဆုံး

By

မောင်တော၊ဇူလိုင် ၃၁။
ရိုဟင်ဂျာအကြမ်းဖက်သမားတွေပစ်သတ်လို့ တလအတွင်း မောင်တောဒေသခံအရပ်သားဆယ်ဦးထိသေဆုံးသွားခဲ့တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအထဲမှာဇူလိုင်လဒုတိယအပတ်က တောင်ပြို -ကြိမ်ချောင်းကားလမ်း၊တရိန်းကျေးရွာအကျော်မှာ ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေသေနတ်နဲ့ပစ်သတ်လို့ မင်္ဂလာကြီးရွာသားနှစ်ဦးနဲ့တရိန်းရွာသားတဦးသေဆုံးသွားခဲ့ပါတယ်။
အဲဒီအပြင် မောင်တောမြို့နယ်၊ပြားသားကျေးရွာသားနှစ်ဦးကိုလည်း ဇူလိုင်လတတိယအပတ်က ရိုဟင်ဂျာအ မည်ခံအကြမ်းဖက်သမားတွေက ဖမ်းဆီးသွားပြီး သေနတ်နဲ့ပစ်သတ်လို့သေဆုံးသွားခဲ့ကြပါတယ်။
နောက်ပြီးမောင်တောမြို့နယ်၊သုံးမိုင် -ကြိမ်ချောင်းလမ်း၊ရွှေတောင်လမ်းဆုံအနီးမှာ ဇူလိုင်လ ၃၁ ရက်၊ဒီနေ့နေ့လည် ၃ နာရီကျော်အချိန်ခန့်က မောင်တောဒေသခံအမျိုးသားလေးဦးနဲ့အမျိုးသမီးတဦးတို့ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေက သေနတ်နဲ့ပစ်သတ်သွားကြတယ်လို့ မောင်တောမြို့ခံတွေက အတည်ပြုပြောကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်တွေဟာ အရပ်သားပြည်သူတွေကို လူမျိုးရေးအမုန်းတရားတွေနဲ့သတ်ဖြတ်နေတာဟာ လူမျိုးပေါင်းစုံအတူယှဥ်တွဲနေထိုင်ရေးကိုခက်ခဲလာစေသလို မယုံကြည်မှုတွေနဲ့လူမျိုး ရေးအမုန်းတရားတွေပိုမိုတိုးလာစေတယ်လို့ ဆိုကြပါတယ်။
သူတို့(ကုလား)က လမ်းသွားလမ်းလာပြည်သူတွေ၊ငါးရှာဟင်းရှာအရပ်သားတွေကို ပစ်မှတ်ထားသတ် ဖြတ်နေကြတာပါ။ကုလားမဟုတ်တဲ့တခြားလူမျိုးဆိုရင်ဘယ်သူ့ကိုမဆိုသတ်ဖြတ်နေကြတာပါ။ဘူးသီးတောင်မှာလည်း ဟင်းရှာသွားတဲ့ခမီတွေကိုတွေဖမ်းဆီးသတ်ဖြတ်လိုက်ကြပါတယ်။သူတို့ကိုဘယ်လိုယုံကြည်ရမှာလဲ။သူတို့လူမျိုးမဟု တ်တဲ့တခြားလူမျိုးတိုင်းကိုသတ်နေကြတာပါ။”လို့ မောင်တောမြို့ခံတဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီအပြင် မောင်တောမြို့ပေါ်မှာပိတ်မိကျန်နေတဲ့ရခိုင်လူမျိုးတွေ၊ဟိန္ဒူလူမျိုးတွေကိုလည်း ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်တွေက လူမျိုးရေး၊ဘာသာရေးအမုန်းတရားတွေ၊အငြိုးအ တေးတွေနဲ့ဖမ်းဆီးသတ် ဖြတ်တာတွေပြုလုပ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်တွေက မောင်တောမြို့ပေါ်မှာပိတ်မိကျန်နေတဲ့ရခိုင်လူမျိုးတွေ၊ဟိန္ဒူလူမျိုးတွေကို ဖမ်းဆီးကြိုးချည်ရိုက်နှက်နှိပ်စက်သတ်ဖြတ်နေတဲ့ရုပ်သံမှတ်တမ်းတွေလည်း လူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။
အဲဒီလိုပြစ်မှုကျူးလွန်နေကြတာမို့ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်တွေသာမက မွတ်ဆလင်လူမျိုးအားလုံးကိုပါ မယုံကြည်မှုတွေတိုးလာစေပြီး ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ဖို့အတွက် အဟန့်အတားတွေဖြစ်နေပြီလို့မောင်တောမြို့နေပြည်သူတွေက ဆိုကြပါတယ်။
ကျနော်တို့ဟိန္ဒူတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်နေတာတွေ၊အမျိုးသမီးတွေကို မဒိန်းကျင့်တာတွေက မွတ်ဆလင်တွေကို အမုန်းတရားတွေပဲဖြစ်လာစေပါတယ်။ဒီအတိုင်းဆိုရင် ဘယ်မွတ်ဆလင်ကိုမှမယုံရဘူး။စိတ်မချရဘူးဆိုရင် ဘယ်မွတ်ဆလင်ကိုမှဒေ သခံတွေ၊တခြားလူမျိုးတွေလက်ခံကြမှာမဟုတ်ဘူး ။”လို့ မောင်တောမြို့နေဟိန္ဒူလူမျိုးတဦးက Border News Agency သို့ပြောပါတယ်။
အဲဒီမောင်တောမြို့နယ်၊အောင်ဗလကျေးရွာအနီးရှိ ဟိန္ဒူကယ်ဆယ်ရေးကျေးရွာမှဟိန္ဒူလူမျိုးတချို့ကို ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်တွေကဖမ်းဆီးသတ်ဖြတ်တာတွေပြုလုပ်ခဲ့ကြသလို ဟိန္ဒူအမျိုးသမီးတဦးကိုလည်း အတင်းအဓမ္မပြုကျင့်ပြီး သတ်ဖြတ်သွားခဲ့ကြတယ်လို့ မောင်တောမြို့နေဟိန္ဒူလူမျိုးတွေက ဆိုကြပါတယ်။
အဲဒီအပြင် မောင်တောမြို့ပေါ်မှာ ပိတ်မိကျန်နေကြတဲ့ရခိုင်လူမျိုးတွေကိုလည်းဖမ်းဆီးသတ်ဖြတ်ခဲ့ကြသလို နောက်ထပ်နှစ်ရာနီးပါးထိဖမ်းဆီးနှိပ်စက်နေကြတယ်လို့ မောင်တောမြို့နေပြည်သူတွေနဲ့မိသားစုဝင်တွေက ဆိုကြပါတယ်။
မောင်တောမြို့သိမ်းတိုက်ပွဲမှာ ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်တွေကဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ရခိုင်လူမျိုးအနည်းဆုံးသုံးဆယ်ထိရှိနေပြီးအများစုဟာ သတ်ဖြတ်အလောင်းဖျောက်ခံလိုက်ကြရတာမို့ မိသားစုဝင်တွေဟာ အလောင်းတောင် ပြန်မရကြဘူးလို့ ဆိုကြပါတယ်။
အဲဒီမောင်တောမြို့သိမ်းတိုက်ပွဲမှာ ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်ငါးထောင်ကျော်ထိ စစ်ကောင်စီဘက်မှဝင်ရောက်တိုက်ခိုက်ပေးနေကြပြီး မောင်တောမြို့ကို ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်တွေက သိမ်းပိုက်ထားပြီးမို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိရိုဟင်ဂျာတွေပြန်လာကြဖို့ ဝါဒဖြန့်ဖိတ်ခေါ် တာတွေပြုလုပ်နေပါတယ်။
အဲဒီအပြင် ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေဟာ သတင်းတု၊သတင်းမှားတွေကို စစ်ကောင်စီနည်းတူ ဝါ ဒဖြန့်နေကြသလို စစ်ကောင်စီတပ်နဲ့အတူ အကြမ်းဖက်မှုတွေမှာပါဝင်ကျူးလွန်နေကြပြီး မောင်တောမြို့သိမ်း တိုက်ပွဲအချိန်ကြာနှောက်နှေးအောင် ဝင်ရောက်ဖျက်ဆီးနှောက်ယှက်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-မောင်တောမြို့မှစစ်ကောင်စီတပ်ဖက်မှဝင်ရောက်တိုက်ခိုက်ပေးနေကြတဲ့ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်တွေ/ လူမှုကွန်ရက်)

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here