အာရက္ခတပ်တော် (AA)က အပြီးသတ်တိုက်ခိုက်သိ မ်းပိုက်ထိန်းချုပ်ထားတဲ့ သံတွဲမြို့ပေါ်နေရာတချို့မှာ စက်တင်ဘာလ ၁၂ ရက်၊ဒီနေ့ ရေနစ်မြုပ်နေတ ယ်လို့ သံတွဲမြို့ခံတွေက ဆိုကြပါတယ် ။
အဲဒီသံတွဲမြို့အပြင် တောင်ကုတ်မြို့ပေါ်နေရာတ ချို့ နဲ့အမ်းမြို့နယ်မှာရေနစ်မြုပ်တာတွေဖြစ်နေပါတယ်။
ရခိုင်အပါအဝင် မြန်မာပြည်အနှံ့မှာ ရေကြီးရေလျှံနစ်မြုပ်တာတွေ၊လူသေဆုံးတာတွေဖြစ်နေပေမယ့် အာဏာသိမ်းစစ်တပ်က ကူညီကယ်ဆယ်ရေးတွေမပြုလုပ်သေးဘူးလို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်ရဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဘာမှမလုပ်ဘဲရုံးမှာထိုင်နေကြတယ်လို့ လူကယ်ပြန်ဝန်ထမ်းတွေက ဆိုကြပါတယ်။