အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်မှာ ဖေ ဖော်ဝါရီလ၃ ရက်နေ့က တရားမဝင်ပြင်ပထုတ် အရက်၊ဘီယာ၊ဝိုင်တွေကို အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးနေပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပ ဒေစိုးမိုးရေးဌာနက ပြင်ပထုတ်အရက်၊ဘီယာကင်းစင်ရေးအတွက် အရက်ဖြန့်ဖြူးရောင်းချနေတဲ့ ဆိုင်တွေနဲ့စားသောက်ဆိုင်တွေကို တဆိုင်ဝင်တဆိုင်ထွက် လိုက်လံဖမ်းဆီးနေတယ်လို့ဆိုပါတယ်။

အဲဒီ ပြင်ပထုတ် အရက်၊ ဘီယာ၊ ဝိုင်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တာဝန်ရှိသူတွေက ထိန်းသိမ်းထားပြီး တရားမဝင်ရောင်းချနေတဲ့လူတွေကိုလည်း ဥပဒေနဲ့အညီအရေးယူသွားမယ်လို့ ဆိုပါတယ်။
အဲဒီအရက်၊ဘီယာ၊ဝိုင်အပါအဝင် ယစ်မျိုးကုန်အားလုံးကို တင်သွင်းရောင်းချတာတွေမလုပ်ဖို့နဲ့ လက်ကျန်ပစွည်း တွေကိုလည်း ဒီဇင်ဘာလ ၁၉ ရက်ကနေသုံးလအတွင်း ကုန်အောင်အပြီးသတ်ရောင်းချဖို့ကို အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးကတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတော့ ဒေသထုတ်ချက်အရက်တွေကို တရားဝင်ချက်လုပ်ရောင်းချခွင့် ပေးထားတာမို့ သောက်သုံးသူတွေအတွက်အဆင်ပြေနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာအာရက္ခတပ်တော် (AA) ကဘူးသီးတောင်၊ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွမြို့ တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားသလို ပလက်ဝဒေသတခုလုံးကိုလည်းအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။
အဲဒီအပြင် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မြို့တွေမှာလည်း စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။




