အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ပေါက်တောမြို့နယ်မှာ အရေပြားရော ဂါအပါအဝင် ဝမ်းပျက်၊ဝမ်းလျှောဖြစ်နေကြတဲ့ အာရက္ခပြည်သူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ကျန်းမာရေးဌာနက ဆေးကုသပေးနေပါတယ်။
အဲဒီပေါက်တောမြို့နယ်၊ဇီးချိုမော်ကျေးရွာနဲ့ ရွှေဝေကျေးရွာတွေမှာ အရေပြားရောဂါ၊ဝမ်းပျက်၊ဝမ်းလျှောရောဂါဖြစ်ပွားနေတဲ့ အာရက္ခပြည်သူတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆေးကုသပေးနေတာဖြစ်ပါတယ်။
အဲဒီ ရွာတွေမှာ အရေပြားရောဂါဖြစ်ပွားနေတဲ့ အာရက္ခပြည်သူ၂၀၀ ဦး ရှိပြီးတော့ ဝမ်းပျက်၊ဝမ်းလျှောဖြစ်ပွားနေတဲ့ လူကြီး၊ကလေး ၂၁ ဦးရှိပါတယ်။
အဲဒီကျေးရွာတွေမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆေးကုသပေးတာအပြင် သန့်ရှင်းတဲ့ရေကို သောက်သုံးဖို့သန့်ရှင်းတဲ့အစားအစာတွေကိုစားကြဖို့၊ရောဂါထပ်မဖြစ်ရအောင်ဆောင်ရန်၊ရှောင်ရန်တွေကို အသိပညာပေးမှုတွေပြုလုပ်ခဲ့ပါတယ်။
အဲဒီအပြင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အနီးအနားမှာရှိတဲ့ ရွာတွေကိုလည်း ဆေးကုသမှုတွေပေးသွားမယ်လို့ ဆိုပါတယ်။






