မောင်တောမြို့နယ်မှာအာရက္ခတပ်တော်(AA)က မိုင်းရှင်းလင်းရေးတွေပြုလုပ်နေပါတယ်။
အဲဒီမောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကို အရပ်သားပြည်သူတွေ မကြာခဏကြုံနေကြရပါတယ်။
အဲဒီအရပ်သားတွေနေထိုင်တဲ့ကျေးရွာတွေမှာ မိုင်းရှင်းလင်းရေးတွေပြုလုပ်နေတာဖြစ်ပါတယ်။
အဲဒီမောင်တောမြို့၊ လသာရပ်ကွက်၊ ရွှေဇား၊ ရွှေဇားဂုံးနား၊ အီတာလျာ၊ကမ်းပိုင်းနား၊ ကပ်ဘေး၊ စေတီပြင်စတဲ့ ကျေးရွာတွေမှာ ဖေဖော်ဝါရီဒုတိယအပတ်ကစပြီး အာရက္ခတပ်တော်ကမိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။
အဲဒီလိုမိုင်းရှင်းလင်းရေးလုပ်နေချိန် လူနေအိမ်ခြံတွေ၊လမ်းဘေးဝဲယာတွေမှာ စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းအလုံးသုံးဆယ်ကျော်ကို အာရက္ခတပ်တော်ရဲ့မိုင်းရှင်းလင်းရေးအဖွဲ့က ရှင်းလင်းနိုင်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာမောင်တောမြို့ပေါ်အပါအဝင်ကျေးရွာတချို့မှာ ခံတပ်စခန်းအဖြစ်ခုခံနေခဲ့ချိန် အရပ်သားနေအိမ်ခြံတွေ၊လူသွာလမ်းတွေမှာ မြေမြုပ်မိုင်းတွေထောင်ထားခဲ့သလို လက်ပစ်ဗုံးတွေကိုလည်း ကြိုးဆွဲစနစ်နဲ့ပေါက်ကွဲအောင် ရွယ်ရည်ချက်ရှိရှိပြုလုပ်ခဲ့ပါတယ်။
အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၈ ရက်နေ့က မောင်တောမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး မိုင်းရှင်းလင်းရေးတွေပြုလုပ်နေပေမယ့် အရပ်သားပြည်သူတွေ မြေမြုပ်မိုင်း၊စစ်ကျန်လက်နက်တွေကြောင့် သေ ဆုံးဒဏ်ရာရတာတွေမကြာခဏဖြစ်နေတုန်းလို့ မောင်တောမြို့မှအရပ်သားပြ ည်သူတွေက ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ မောင်တောမြို့အပါအဝင် သိမ်း ပိုက်ထိန်းချုပ်ထားတဲ့မြို့တွေမှာမိုင်းအသိပညာပေးမှုတွေကို မကြာခဏပြုလုပ်နေသလို မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို လုပ်ဆောင်နေပါတယ်။
ဒါပေမယ့်အာရက္ခတပ်တော်ရဲ့မိုင်းရှင်းလင်းရေးလုပ်ဆောင်မှုတွေဟာ သိမ်းပို က်ထိန်းချုပ်ထားတဲ့နေရာအားလုံးမှာပြီးပြည့်စုံအောင်မဆောင်ရွက်နိုင်သေးတာမို့ မြေမြုပ်မိုင်းအန္တရာယ်ကို ကြုံတွေ့နေကြရဆဲဖြစ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။





