အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့မှာ ဖေဖော်ဝါရီလ ပထအပတ်က အစ္စလာမ်ကျမ်းမြတ်ကုရ်အာန်အာဂုံဆောင်ပွဲပြုလုပ်ခဲ့ပါတယ်။
အဲဒီအစ္စလာမ်ကျမ်းမြတ်ကုရ်အာန်အာ ဂုံဆောင်ဘွဲလက်မှတ်အပ်နှင်းတဲ့ဂျလ်ဆာပွဲကို အာရက္ခတပ်တော်တက်ရောက်ခဲ့ပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေအတွက်ပြည်သူ့ဝန် ဆောင်မှုတွေဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။