မောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ရာမပွဲတော်ကျင်းပ

Photo – APM

By

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင်တွေရဲ့အမွန်မြတ်ဆုံးဖြစ်တဲ့ရာမဘုရားပွဲတော်ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီရာမဘုရားပွဲတော်ကို ဖေဖော်ဝါရီ လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ထိသုံးရက်တိတိကျင်းပပြုလုပ်ခဲ့ကြတယ်လို့ဟိန္ဒူ ဘာသာဝင်တွေကဆိုကြပါတယ်။

အဲဒီပွဲတော်ဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာပွဲတော်တွေထဲက ဟိန္ဒူဘုရားခရစ်ရှနာမယ်တော်ကိုပူဇော်ပွဲဖြစ်တယ်လို့ ဟိန္ဒူဘာသာဝင်တွေကဆိုကြပါတယ်။

အဲဒီဘာသာရေးပွဲတော်ဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ရပ်ရွာအေးချမ်းသာယာရေး၊ နိုင်ငံအေးချမ်းသာယာရေး၊ဟိန္ဒူတမျိုးသားလုံးရဲ့ကျန်းမာရေးစတာတွေအတွက် ရည်ရွယ်တယ်လို့ ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။

အဲဒီပွဲတော်ကိုနိုဝင်ဘာလမှမတ်လအတွင်းလပြည့်နေ့မှာကျင်းပကြပြီးလမပြည့်ခင် ၁ ရက်နေ့ကနေစပြီး ကျင်းပကြတယ်လို့ ဟိန္ဒူဘာသာဝင်တွေကဆိုကြပါတယ်။
အဲဒီပွဲသို့ရောက်လာကြတဲ့သူတွေကို သက်သက်လွတ်ဟင်း၊ပဲမျိုးစုံ၊ဟင်းသီးဟင်းရွက်မျိုးစုံနဲ့ဧည့်ခံကျွေးမွေးခဲ့ပါတယ်။

မောင်တောမြို့နယ်မှာ စုံလင်ကွဲပြားတဲ့လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနေထိုင်နေကြပြီး လူနည်းစုဟိန္ဒူဘာသာဝင်တွေဟာ မြို့ပေါ်ရပ်ကွက်တွေ၊ ကျေးလက်ဒေသတွေမှာ လူဦးရေလေးထောင်ကျော်နေထိုင်ကြတယ်လို့ ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။

အာရက္ခဒေသမှာ ဟိန္ဒူဘာသာဝင်တွေဟာလူဦးရေတသောင်းသုံးထောင်ခန့်ရှိပြီး မောင်တော၊ဘူးသီးတောင်၊စစ်တွေ၊ကျောက်တော် မြို့နယ်တွေမှာ အများစုနေထိုင်နေကြတယ်လို့ ဟိန္ဒူဘာသာဝင်တွေက ကဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေအတွက် ပြည်သူ့ဝန် ဆောင်မှုတွေဆောင် ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here