အာရက္ခ-ဘင်္ဂလာနယ်စပ်၊နှစ်နိုင်ငံနယ်စပ်အနီးမှာ ချက္ကမာလူမျိုးတွေနဲ့ ဘဂ်လားဒေ့ရှ်နိုင်ငံက မူဆလင်လူမျိုးတွေ အတူနေထိုင်နေကြတဲ့ရွာဖြစ်ပါတယ်။
အဲဒီကျေးရွာဟာ လျှပ်စစ်မီး၊ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေမရှိတဲ့ နှစ်နိုင်ငံနယ်စပ်အနီးက တောရွာလေးဖြစ်ပါတယ်။
သူတို့တွေဟာ စားဝတ်နေရေးအတွက်လယ်ယာအလုပ်၊ပြောင်းဖူးစိုက်ခင်း၊ကွမ်းခင်း၊နွေစပါး၊မိုးစပါး၊စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့အသက်မွေးဝမ်းကျောင်းပြုနေကြသူတွေ ဖြစ်ပါတယ်။
အဲဒီကျေးရွာက အမျိုးသမီးတွေဟာ ချည်ထိုးလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပြီးတချို့က တောတောင်တွေက ထင်းခုတ်ပြီးတော့အသက်မွေးဝမ်းကျောင်းပြုနေကြသူတွေဖြစ်ပါတယ်။
အဲဒီကျေးရွာမှ ကလေးတွေဟာလမ်းပန်းဆက်သွယ်ရေးခက်ခဲတာမို့ကျောင်းစာမသင်နိုင်ကြသလို ငွေကြေးအခက်အခဲတွေကြောင့်လည်း ကလေးတွေကို ကျောင်းထုတ်လိုက်ရတာမို့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီကျေးရွာမှာ ချက္ကမာလူမျိုး အိမ်ထောင်စုလေးရာကျော်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံက မူဆလင်လူမျိုးအိမ်ထောင်စုငါးရာကျော် အတူတကွငြိမ်းချစ်စွာယှဥ်တွဲတွဲနေထိုင်နေကြပါတယ်။